3

1.6K 65 0
                                    

Unicode.....

" အနိုင်ကျင့်တယ့်လူနဲ့ကြုံရင် ကျုပ်ကိုလာပြောလို့ပြောထားတယ်လေး  ခဗျားက ကျုပ်စကားဆိုနားထဲမဝင်တာလား "

ဝမ်ရိပေါ် သူ့အရှေ့က လူကိုစိုက်ကြည့်လိုက်ပြီး အော်ငေါက်လိုက်တယ်။

ဒီလူက သူ့ကိုယ်သူဘာထင်နေတာလည်း...တစ်ဖက်ကလူတွေများနေတာကို မတော်လို့ဒါဏ်ရာရသွား..ကျစ်!!

သူ့စကားကိုအရေးမထားတယ့်ဒီလူကို ဝမ်ရိပေါ်အရမ်းဒေါသထွက်နေတယ်..

" ဘာလို့ခေါင်းငုံ့နေတာလည်း ဟမ့်!! ကန်တင်းတုန်းက သတ္တိတွေကဘယ်ရောက်ကုန်တာလည်း ကျုပ်ကိုကြည့်စမ်း "

ဟိန်းထွက်လာတယ့်အသံကြောင့် ရှောင်းကျန့်ရဲ့မရှိ..ရှိမဲ့သတ္တိလေးတွေကိုစုပြီး ဝမ်ရိပေါ်ကိုမော့ကြည့်လိုက်တယ်။

ဝမ်ရိပေါ်ရှေ့ရောက်ရင် ရှောင်းကျန့်ကအားနည်းသွားလေ့ရှိသည်။

ကန်တင်းတုန်းက ကြောက်စိတ်ဆိုတာ သူနဲ့မသက်ဆိုင်သလိုရှိခဲ့ပေမယ့်..ဝမ်ရိပေါ်လေသံမာရင် အကြည့်လေးက နဂိုထက်ပိုအေးစက်နေရင် ရှောင်းကျန့်မှာ ကြောက်စိတ်ဝင်လာကာ ကူရာမဲ့စွာနဲ့ဖြစ်ရစမြဲ..

ရိပေါ် က သူ့ကိုစိတ်ပျက်သွားပြီထင်ပါရဲ့...
ရိပေါ်စီက သူနဲ့ထပ်တူညီတယ့်ခံစားချက်မရရင်တောင် အစ်ကိုအဖြစ်သူ့ကိုအသိအမှတ်ပြုတာကိုတော့ လိုချင်ခဲ့တာ..

အခုတော့..သူ့ရဲ့ဒေါသကြောင့်ဖြစ်လာတယ့်တဇွတ်ထိုးလုပ်ရပ်က သူ့ကို ရိပေါ်စိတ်ပျက်ရုံသာမက ဦးလေးဝမ်ကိုလည်းစိတ်ပျက်စေမှာပင်။

ရှောင်းကျန့် သူ့ကိုဦးလေးဝမ်ကလက်မခံတော့လည်း သူ့ရွာစီပြန်ပြီး  သူ့ခြေထောက်ပေါ်သူရပ်တည်နိုင်ပါတယ်..

ဒါမယ့် သူ့ကိုအေးစက်စက်မျက်ဝန်းတွေနဲ့
ကြည့်နေတတ်တယ့်ရိပေါ်ကိုတော့...မတွေ့ပဲနေနိုင်မယ်မထင်..

ဘဝမှာ သူ့မားမားလွဲရင် သူစိမ်းတစ်ယောက်အရှေ့မှာငိုမိတာ ပထမဆုံးပင်..

" ငါ..ငါ တောင်းပန်ပါတယ်.. ရိပေါ် ငါ့ကိုမမုန်းပါနဲ့..စိတ်မပျက်လိုက်ပါနဲ့..ငါ့ကို စော်ကားနေတာကိုသည်းမခံနိုင်လို့..ငါဒေါသထွက်ပြီး ဟင့်! ..တောင်းပန်ပါတယ် "

I'm wait for you   { Completed }Where stories live. Discover now