Unicode...(. စာလုံးပေါင်းမစစ်ထားပါ)
ဆေးရုံကုတင်ပေါ်တွင် ဖြူလျော့နေတယ့်အမျိုးသားလေးက မှေးမိန်စွာအိပ်ပျော်နေတယ်။
ကန့်လာကာကြားက တိုးဝင်လာတယ့်အလင်းတွေက ဖြူလျော့နေတယ့်မျက်နှာလေးပေါ်ကိုတစ်စွန်းစကျရောက်နေတယ်။ကုတင်ဘေးမှာထိုင်နေတယ့်လူငယ်လေးက ထလာပြီးကန့်လာကာကိုသေချာဆွဲပိတ်လိုက်တယ်။
" ရိပေါ် မထားခဲ့ပါနဲ့.."
သုံးကြိမ်မြောက် ထိုလူသားစီကထွက်လာတယ့်အမည်နာမကြောင့် လန်ဝမ်ကျီ့အရမ်းကိုစိတ်မသက်မသာဖြစ်မိကာမနာလိုဖြစ်မိသည်။
ရုံးခန်းထဲမှာသတိလစ်သွားတယ့်ဒီလူကြောင့် လန်ဝမ်ကျီ့ရင်များတုန်လှုပ်သွားရကာ ဆေးရုံသို့အမြန်ပို့ဆောင်ခဲ့ရသည်။
သေချာကြည့်မှ ဒီလူသားရဲ့အသားအရေကအတော်လေးဖြူလျော့နေပြီးအရိုးပဲရှိသလားလို့တောင်ထင်ရတယ့်အထိပိန်ပါးနေခဲ့တယ်။
ဘာကြောင့်များ ဒီလူရဲ့အရာရာတိုင်းကလန်ဝမ်ကျီ့ကိုနာကျင်စေနေမှန်းမသိတော့...
ဖြစ်နိုင်ရင် ရှောင်းကျန့်ကိုဝမ်းမနည်းစေချင်တော့ ။
" ကလစ်!"
" ကျန့်အာ.. "
တံခါးပွင့်လာသံနှင့်အတူ စိုးရိမ်နေတယ့်အသံလေးကလန်ဝမ်ကျီ့နောက်ကနေထွက်ပေါ်လာခဲ့တယ်။
လန်ဝမ်ကျီ့ နူတ်ဆက်ဖို့အလှည့်ကြည့်မှာပဲ တစ်ဖက်လူက လက်ထဲကဖုန်းကိုလွှတိကျသွားပြီးပါးစပ်ကိုလက်ဖြင့်အုပ်ကာသူ့ကိုအလန့်တကြားကြည့်နေသည်။
ဒီနေ့အတွင်းကြုံခဲ့ရတာကြောင့် လန်ဝမ်ကျီ့လည်းထူးဆန်းမနေတော့ဘဲ တစ်ဖက်လူကြီးကိုနူတ်ဆက်လိုက်သည်။
" အန်ကယ်က ဥက္ကဌရှောင်းရဲ့အဖေထင်တယ် ဒီနေ့ရုံးခန်းထဲမှာ ဥက္ကဋ္ဌရှောင်းသတိလစ်သွားလို့.."
" ဘယ်လိုလုပ်ပြီး ရိပေါ်ဖြစ်နေရတာလည်း "
ထပ်ပြီးနောက်ထပ်အဖက်ခံရပြန်ပြီလို့လန်ဝမ်ကျီ့တွေးမိသွားတယ်။
ရှောင်းကျန့်ရောဒီလူကြီးရော သူ့ကိုမြင်တာနဲ့ငိုနေကြတာပါ..
YOU ARE READING
I'm wait for you { Completed }
RomantiekUnicode.. အမေရဲ့သူငယ်ချင်းရဲ့အိမ်မှာလိုက်နေဖို့အကြောင်းဖန်လာတယ့်အခါ အမေ့သူငယ်ချင်းရဲ့သားဖြစ်သူ ဝမ်ရိပေါ် ကိုမြင်မြင်ချင်းချစ်မိသွားတယ့်ရှောင်းကျန့်က ဘယ်လိုမျိုး ဝမ်ရိပေါ်ကိုအရယူမလည်း?? ဒါမှမဟုတ် တစ်ဖက်လူကရော ရှောင်းကျန့်လိုပဲထပ်တူခံစားချက်များရှိန...