28

29 0 0
                                    

Zawgyi...

စိတ်ရောဂါအပြင်းအထန်ပြန်ခံစားရပြီးနောက် ရှောင်းကျန့်လည်း ကုမ္ပဏီကို ပြန်သွားကာအလုပ်ပြန်လုပ်နေခဲ့တယ်။

ဝမ်ရိပေါ် ပြန်လာတာကအိပ်မက်တစ်ခုအလား ရှောင်းကျန့်ခံစားခဲ့ရသည်မို့ စောင့်နေပါဆိုတယ့်စကားကိုလည်းမကြားချင်တော့...

သူကဝမ်ရိပေါ်မှမဟုတ်တာလို့ဖြည့်တွေးရင် ရှောင်းကျန့်မှာရူးသွားမတတ် နေ့ရက်တိုင်းကိုအလုပ်ထဲမှာပဲနစ်မြုပ်နေမိသည်။

" ရှောင်းကျန့်ရေ မတွေ့ရတာကြာပြီနော် "

လှလှပပဝတ်စားထားတယ့်ဟုန်ယောင်က တက်တက်ကြွကြွနဲ့ရုံးခန်းထဲကိုဝင်လာခဲ့တယ်။

ရှောင်းကျန့် သူမဘာကိစ္စအတွက်နဲ့ရောက်လာသည်ကိုသိတာမို့ အလုပ်ထဲမှာပြန်အာရုံစိုက်လိုက်သည်။

ဟုန်ယောင် စိတ်အကြီးကြီးညစ်သွားကာ ရှောင်းကျန့်ကို သူမမိသားစုရှိရာလန်ဒန်သို့ခေါ်သွားဖို့တစ်ရက်လုံးကြိုးစားခဲ့ရသည်။

အရင်တစ်ခေါက်တုန်းက ရှောင်းကျန့်ကမလိုက်ဖြစ်ခဲ့တာမို့ဒီတစ်ခေါက်တော့ သူမချစ်သူသာမခေါ်လာရင် အဖိုးအိုကြီးကသေချာပေါက်သူမကိုယောကျာ်းပေးစားလိမ့်မည်။

ဒီလိုနဲ့ရှောင်းကျန့်မှာ ဟုန်ယောင်ရဲ့ဆွဲခေါ်မူကြောင့် လန်ဒန်ကနေရာကောင်းတစ်ခုကိုရောက်လာခဲ့တယ်။

ပွဲတက်ဂန်ဝန်အနီရောင်တောက်တောက်ကိုဝတ်ဆင်ထားသည့်ဟုန်ယောင်ကနတ်သမီးအလှအတော်လေးကိုလှပနေခဲ့သည်။

ရှောင်းကျန့်ကဟုန်ယောင်ရဲ့ချစ်သူအဖြစ်လာတက်ရောက်တာမို့ ဟုန်ယောင်နှင့်ဆင်တူအနီရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားသည်။

ဧည့်သည်အတော်များများမှာ ဟုန်ယောင်ဘေးကရှောင်းကျန့်ကိုအတော်မျက်စိစားနေကြသည်။

" သခင်မလေးဟုန်က ဒီလောက်ကောင်းတယ့်ရတနာလေးကိုဘယ်လိုများရယူခဲ့ရပါ့လိမ့် "

" ကျွန်မချစ်သူက အနေအထိုင်ပိရိတော့ သူက ကုမ္ပဏီ ပိုင်ရှင်တစ်ယောက်မှန်းရှင်တို့မသိကြတာပုံမှန်ပါပဲ ခ်ခ်"

I'm wait for you   { Completed }Where stories live. Discover now