29

959 36 0
                                    

Unicode....

ရှောင်းကျန့်နိုးလာသော အဖြူရောင်ပိုးသားညအိပ်ဝတ်စုံက ကပိုကရိုဖြင့်သူ့ပုခုံးကနေလျှောကျနေသည်။

ပုခုံးကနေလက်မောင်းအထိအနီရောင်အမှတ်အသားများကရှိနေပြီး ပါးလျတယ့်နူတ်ခမ်းမှာလည်းပေါက်ပြဲနေကာ မျက်နှာတစ်ခုလုံးကနီရဲနေသေးသည်။

ထိုပုံစံကိုကြည့်ခြင်းဖြင့် မနေ့ညကဘယ်လောက်အချစ်ခံခဲ့ရတာလည်းဆိုတာ ပြောစရာမလိုတော့။

ရှောင်းကျန့် စောင်ထဲကနေထွက်ပြီးနူးညံတယ့်အမွေးထူကော်ဇော်ပေါ်ခြေချလိုက်တော့ ခြေချောင်းလေးတွေအထိ သွားရာတွေစုပ်ရာတွေရှိနေသည်ကိုတွေ့တော့မအောင့်နိုင်ဘဲရယ်မိတော့သည်။

" ဘာတွေအဲလောက်ရယ်စရာကောင်းနေလို့လည်း ဥက္ကဌရှောင်း"

ဝင်လာသူက အနောက်တိုင်းဝတ်စုံအပြည့်ဝတ်ဆင်ထားတယ့်ဝမ်ရိပေါ်ဖြစ်နေတယ်။

အာ..အခုကဝမ်ရိပေါ်မဟုတ်ဘဲ လန်ဝမ်ကျီ့ဖြစ်နေပြီ..

" ခဗျားကခွေးနဲ့သိပ့်တူတာပဲ "

ရှောင်းကျန့် ခြေထောက်ကိုမြောက်ပြီးဝမ်ရိပေါ်စီထောင်ပြလိုက်သည်။

ဒူးအထိသာရှိသောညအိပ်ဝတ်စုံလေးကပေါင်ရင်းထိလျှောကျသွားကာ အမှတ်သားများကိုပေါ်သွားစေသည်။

လန်ဝမ်ကျီ့ ခြေထောက်ကိုဖိချလိုက်ကာပိုးသားဝတ်စုံကိုလုံအောင်ပြန်ဆွဲချလိုက်တယ်။

ပါးစပ်ကနေလည်း သတိပေးလိုက်တယ်။

" အနေအထိုင်ဆင်ခြေ ဒီနေ့အိပ်ယာထဲမှာပဲမနေချင်ဘူးမလား "

" မင်းကအရမ်းကြမ်းတာကို ဝမ်ရိပေါ် "

" ..ဘယ်အချိန်အထိ ကိုယ့်ကိုဝမ်ရိပေါ်လို့ခေါ်နေမလည်း ကိုယ့်ကသူဆိုပေမယ့် သူရဲ့မှတ်ဉာဏ်တွေကရှိမနေဘူး အဲ့ကြောင့် ကိုယ့်ကိုလန်လို့ခေါ် "

ရှောင်းကျန့်ဒေါသထွက်လွန်းလို့ သူ့ခြေရင်းမှာဒူးထောက်ပြီးသူ့ကိုခြေအိတ်စွပ်ပေးနေတယ့်လူရဲ့မျက်နှာကိုရိုက်လိုက်သည်။

အခန်းအတွင်းပါးရိုက်သံဟာကျယ်လောင်စွာပေါ်ထွက်လာခဲ့ပြီး ရှောင်းကျန့်ရဲ့ရှိုက်သံကထွက်လာတယ်။

I'm wait for you   { Completed }Where stories live. Discover now