15

35 0 0
                                    

Zawgyi....
Unicode.....

ဝမ်ကျန်းကော်ရဲ့စာကြည့်ခန်းက နံရံပေါ်ကချိတ်ထားတယ့်ပန်းချီထဲက လူဟာ လက်ရှိသူ့ရင်ခွင်ထဲမှာအေးချမ်းစွာအိပ်ပျော်နေတယ့်လူနှင့် အလွန်တူမှန်း ပထမဆုံးတွေ့ဆုံမူကတည်းက ဝမ်ရိပေါ်သိ၏။

ပန်းချီထဲကလူက ရှောင်းကျန့်ထက်အနည်းငယ် လူကြီးပုံစံဆိုပေမယ့် အကြည့်အပြုံးက သိပ့်ကိုတူလွန်းနေခဲ့တယ်။

ထိုလူက ရှောင်းပိုင်ဟယ်၊ ဝမ်ကျန်းကော်ရဲ့အားနည်းချက် ဖြစ်သလို မေကျင့်ယာရဲ့အားနည်းချက်လည်းဖြစ်နေခဲ့တယ်။

ဝမ်ရိပေါ် လက်ချောင်းလေးများဆန့်ကာ ဖွဖွလေးဖြင့် ကျန့်ကောရဲ့မျက်နှာအစိတ်အပိုင်းစီတိုင်းကိုထိတွေ့လိုက်သည်။

" ချစ်တယ် ရှောင်းကျန့်
ဘယ်သူမှမတွေ့အောင် တစ်နေရာမှာဖွက်ထားပြီးသိမ်းထားလိုက်ချင်တယ်.."

ဝမ်ရိပေါ် ရှောင်းကျန့်ကို ပထမဆုံးစတွေ့ကတည်းက စိတ်တွေယိမ်းယိုင်ခဲ့တာအမှန်ပါ။
ဒါပေမယ့် စာကြည့်ခန်းထဲကလူနှင့်တူနေတယ့်ရှောင်းကျန့်ကို အဖေကခေါ်လာတာကြောင့် အချစ်တော်လေးအဖြစ်ခေါ်လာခဲ့တယ်လို့ထင်ခဲ့မိတာကြောင့် ရှောင်းကျန့်အပေါ်ကိုဝမ်ရိပေါ်အေးစက်ခဲ့မိသည်။

ဝမ်ရိပေါ်ရဲ့သဘောထားကိုသိနေတယ့်ဝမ်ကျန်းကော်က ညတစ်ညမှာ စာကြည့်ခန်းထဲကို ဝမ်ရိပေါ်ကိုခေါ်ပြီး လွမ်းစရာ၊မုန်းတီးစရာ၊ရင်နာစရာ ဇာတ်လမ်းကိုပြောပြခဲ့တယ်။

ထိုညကစပြီး ဝမ်ရိပေါ်ရဲ့အထင်လွှဲနေတယ့်အတွေးကလွင့်ပြယ်ကုန်သည်။

အိပ်မက်ဆိုးမက်နေပုံရတယ့်ကျန့်ကောက တအီအီညည်းလာတာမို့ ဝမ်ရိပေါ် ကျန့်ကောရဲ့ကျောပြင်လေးကိုဖွဖွလေးပုတ်ကာချော့သိပ်လိုက်တယ်။

နူးညံ့တယ့်မျက်နှာလေးကိုအကြိမ်ကြိမ်နမ်းဖို့ ဝမ်ရိပေါ်ကမမေ့ချေ။

ကျောင်းပြီးဖို့အများကြီးလိုသေးတာကြောင့် ဒီကြားထဲ ကျန့်ကောကိုစိတ်ရှုပ်မခံချင်တာကြောင့် ကျောင်းပြီးမှအရာအားလုံးကိုရှင်းပြရမယ်လို့ဝမ်ရိပေါ်တွေးသလို ဝမ်ကျန်းကော်ကလည်း ရှောင်းပိုင်ဟယ်ကိုပြန်တွေ့ပြီမို့ ကလေးကိုအမှန်တိုင်းပြောသင့်ပြီလို့ဆုံးဖြတ်ထားသည်။

I'm wait for you   { Completed }Where stories live. Discover now