10

296 10 0
                                    

Unicode.....

နောက်တစ်နေ့ရဲ့နေ့လည်ခင်းတွင် ကျောင်းဂိတ်ဝရှေ့မှာ လူအုပ်ကစုဝေးလျက် ကားလာမှာကိုစောင့်နေကြသည်။

"အတန်းငါးကလူတွေ ဆုံကြပြီမလား "

" ဆုံပါပြီ ဆရာမစီ "

ဘတ်စ်ကားထဲက ကျောင်းသားများဟာ အားအင်မာန်အပြည့် အော်ပြောလာကြသည်။

ဆရာမစီက လက်မြောက်လိုက်ပြီးတိတ်ခိုင်းလိုက်ပြီး..

"တစ်ခုရှိတယ်  ဆရာမတို့နဲ့ အတန်း(1) ကလူတွေလိုက်မှာ သူတို့ဆရာမနဲ့ဆွေးနွေးပြီးပြီ ဟိုတယ်တစ်ခုတည်းမှာပဲအတူတည်းကြမှာ"

" ဝိုးးးး "

ဆရာမက လိုတာတွေမှာသွားကာ ကိုယ်ပိုင်ကားဖြင့် လိုက်မှာမို့ အတန်းမော်နီတာကို ပြဿနာမတက်စေရန်မှာပြီး ကားပေါ်တက်သွားသည်။

အတန်း(5) ကလူတစ်ချို့ကာ သူတို့စီးမယ့်ကားက ခုံ အလွှတ်မရှိတော့သဖြင့် အတန်း(1) ရဲ့ကားစီကို ပြောင်းလာကြသည်။

အတန်းတစ်ရဲ့ ကားပေါ်ကိုတက်လာတယ့်သူက ရှောင်းကျန့်တို့အတန်း(5) ထဲက အလှဆုံး ဖန်ကျီရှင်းဖြစ်သောကြောင့် ယောကျာ်းလေးတွေကလေချွန်ကာ ဟေးလားဝါးလားလုပ်ကြသည်။

အတန်းငါးကမိန်းကလေးခြောက်ယောက်လောက်တက်ပြီး အနောက်ကနေ ယောကျာ်းလေးငါးယောက်ကတက်လာသည်။

ရှောင်းကျန့်နဲ့ချန်ရှီဟွေး ကနောက်ဆုံးမှတက်လာသဖြင့် နောက်ဆုံးလွှတ်နေတယ့်နေရာမှာပဲဝင်ထိုင်လိုက်သည်။

ရှောင်းကျန့် ရိပေါ်ထိုင်နေတယ့်ခုံကိုဖြတ်သွားရတုန်း ရိပေါ်ကမျက်လွှာကိုပင့်တင်လာလာကာရှောင်းကျန့်ကို ကြည့်လာသည်။

ရှောင်းကျန့်လည်း ပြုံးပြ လိုက်ကာ အနောက်ဆုံးတန်းမှာဝင်ထိုင်လိုက်သည်။

မကြာပင် ဝမ်ရိပေါ်က ရှောင်းကျန့်တို့အရှေ့ကိုရောက်လာပြီး ချန်ရှီဟွေးကို အေးစက်စက်နဲ့ပင် ခုံချင်းနေရာလဲချင်တယ်လို့ပြောလာခဲ့တယ်။

ချန်ရှီဟွေး ကအလိုက်တသိပင် နေရာကနေထကာ ဝမ်ရိပေါ်နေရာစီသွားလိုက်သည်။

I'm wait for you   { Completed }Where stories live. Discover now