Unicode.....
လန်ဒန်မြို့ရဲ့ကြီးမားတယ့်နန်းတော်ကြီးလိုစံအိမ်ထဲတွင် အထက်စီးဆန်ဆန်အငွေ့အသက်တွေရှိနေတယ့်အမျိုးသမီးက လက်ထဲကဖုန်းကိုကြည့်ရင်း ဒေါသထွက်စွာ ဖုန်းကိုဒေါတသကြီးပိတ်လိုက်သည်။
" စိုင်ရို နောက်တစ်ရက်အတွင်း တရုတ်နိုင်ငံကိုပြန်ဖို့ လက်မှတ်စီစဥ်လိုက်"
" ဟုတ်ကဲ့ ဥက္ကဌ"
အပြင်ကနေပြန်လာတယ့်မိန်းလီက အမျိုးသမီးဒေါသထွက်နေတာကိုတွေ့ပြီးကြိတ်ပြုံးလိုက်ကာ မျက်နှာမှာတော့ စိတ်ပူဟန်ဖြင့် အမျိုးသမီးအနားမှာဝင်ထိုင်လိုက်သည်။
" မာမီ ဘာဖြစ်လို့လည်းဟင့် မျက်နှာမကောင်းပါလား "
" လီလီ မာမီသားကို သဘောကျတယ်မလား "
" ..လီလီကို ဘာဖြစ်လို့မေးတာလည်း "
မိန်းလီ ရှက်ဟန်ဆောင်ရင်း အမျိုးသမီးကိုမေးလိုက်သည်။
" တရုတ်ကိုပြန်ရောက်တယ့်အခါကျရင် လီလီသိလိမ့်မယ် အခုတော့ တရုတ်ကိုပြန်ဖို့ ယူသွားစရာရှိတာပြင်ထားလိုက် မေမေတို့ကြာအုံးမှာ တရုတ်မှာ "
" ဟုတ်ကဲ့ မာမီ "
အထက်စီးဆန်လှသည့်ထိုအမျိုးသမီးက တခြားသူမဟုတ် ဝမ်ရိပေါ်ရဲ့အမေအရင်းသာဖြစ်သည်။
မေကျင့်ယာက ဝမ်ရိပေါ်ကိုမွေးပြီးနောက် ကလေးကိုအသုံးချပြီး ဝမ်ကျန်းကော်ရဲ့စိတ်ကိုရယူဖို့ကြိုးပေမယ့်ကျရှုံးသွားတယ်။
မေကျင့်ယာအတွက်ကတော့ ကလေးကို မလိုအပ်တော့သည်မို့ ဝမ်ကျန်းကော်စီမှာသာထားခဲ့ကာ သူမက ပြင်ပကိုထွက်သွားခဲ့တယ်။
မေကျင့်ယာက ဝမ်ကျန်းကော်ကိုအရူးအမူးချစ်ခဲ့ပေမယ့် ဒီအချိန်မှာတော့ သူမဟာ ဘုရင်မတစ်ပါးလိုဖစ်နေခဲ့ပြီ။
သူမအတွက် မိန်းလီကသာ ချစ်စရာကောင်းတယ့်ကလေးဖြစ်နေခဲ့သည်။
ဝမ်စံအိမ်တော်.....
ဝမ်ကျန်းကော် မျက်နှာချင်းဆိုင်က အတူတူထိုင်နေကြသည့်ကလေးတွေကိုကြည့်ရင်း မျက်လုံးများနီရဲလာသည်။
အဲ့တာကို မြင်နေရတယ့်ရှောင်းကျန့်မှာ အပစ်ရှိစိတ်၊အားနာစိတ်တို့ဝင်လာရသည်။
YOU ARE READING
I'm wait for you { Completed }
RomanceUnicode.. အမေရဲ့သူငယ်ချင်းရဲ့အိမ်မှာလိုက်နေဖို့အကြောင်းဖန်လာတယ့်အခါ အမေ့သူငယ်ချင်းရဲ့သားဖြစ်သူ ဝမ်ရိပေါ် ကိုမြင်မြင်ချင်းချစ်မိသွားတယ့်ရှောင်းကျန့်က ဘယ်လိုမျိုး ဝမ်ရိပေါ်ကိုအရယူမလည်း?? ဒါမှမဟုတ် တစ်ဖက်လူကရော ရှောင်းကျန့်လိုပဲထပ်တူခံစားချက်များရှိန...