17

49 0 0
                                    

Zawgyi.....

" ကျန့်ကော "

" ...ကုမ္ပဏီကို သွားမှာမလား အဝတ်အစားလဲလိုက်အုံးမယ် "

ရှောင်းကျန့်မျက်နှာကတည်ငြိမ်နေတယ်ဆိုပေမယ့် ဒေါသထွက်နေတာကို ဝမ်ရိပေါ်သိ၏။

" ကျန့်ကော စိတ်မဆိုးပါနဲ့ သူမစကားတွေကအမှန်ဆိုပေမယ့် အဲ့ဒီစာချုပ်က ကျွန်တော် ဆယ့်ရှစ်နှစ်ပြည့်တုန်းက ဖျက်သိမ်းလိုက်ပြီ..ကျန့်ကောကိုမပြောပြဘူးဆိုတာက အဲ့တာကအရေးမကြီးဘူးလို့ထင်ခဲ့ရုံပါ "

ဝမ်ရိပေါ် ကျန့်ကောရဲ့ခါးသွယ်သွယ်လေးကိုဖက်ပြီးနှိပ်နှယ်ကာ ဆူပုတ်နေတယ့်မျက်နှာလေးကိုဖွဖွလေးနမ်းလိုက်တယ်။

စိတ်ဆိုးပြေသွားပေမယ့်အခဲမကျေသေးတာမို့ ရှောင်းကျန့်က ဝမ်ရိပေါ်ကို ကုမ္မဏီ ရောက်တယ့်အထိ အဖတ်မလုပ်သေးပေ။

ကုမ္မဏီကဝန်ထမ်းများက အနေအေးတယ့်သူတို့ ခေါင်းဆောင်က ပုံမှန် မျက်နှာသေမဟုတ်ဘဲ ကူကယ်ရာမဲ့နေတယ့်အကြည့်ကမျက်နှာပေါ်မှာထင်းလျက် သူအရှေ့ကသွားနေတယ့်ကောင်လေးကို စကားပြောကာ လက်ကိုထိဖို့ကြိုးစားတိုင်း ကောင်လေးကမျက်စောင်းထိုးတာနဲ့လက်ကိုပြန်ရုတ်သိမ်းသွားတယ်။

ဓာတ်လှေကားထဲတွင်......

ဝမ်ရိပေါ် ကျန့်ကောရဲ့အနောက်မှာနေပြီး လူတွေရှိနေတာမို့မျက်နှာကိုတည်ထားသည်။

ဓာတ်လှေကားထဲကလူတွေက ဝမ်ရိပေါ်နဲ့ပါလာတယ့်ကောင်လေးကိုစပ်စုနေကြသည်။

ဖူးရောင်နေတယ့်နူတ်ခမ်းလေး..မျက်လွှာကိုအောက်ချထားပြီး အနည်းငယ်မဲ့နေတယ့်မျက်နှာလေး.

ဝန်ထမ်းမလေးနှစ်ယောက်က တိတ်တဆိတ်နဲ့ရှောင်းကျန့်ကိုလေ့လာနေကြသည်။

တစ်ချိန်လုံးအကြည့်ခံနေရသည်မို့ ရှောင်းကျန့်မှာနေရခက်လာကာ မျက်နှာကိုတစ်ဖက်လွှဲလိုက်သည်။
တစ်ဖက်လွှဲလိုက်ကာမှ နားထင်အောက်နားလေးက အချစ်မှတ်ရာကထင်းထင်းကြီးပေါ်သွားလေ၏။

" ..ကျန့်ကော ကျွန်တော့်အနားမှာပဲနေ "

ဝမ်ရိပေါ် ကျန့်ကောကိုသူ့ဘေးနားဆွဲယူလိုက်ပြီး ဝန်ထမ်းမလေးနှစ်ယောက်ကို မကြည်တကြည်လေးကြည့်လိုက်သည်။

I'm wait for you   { Completed }Where stories live. Discover now