Zawgyi....
" သခင်လေးလန် ကျွန်တော်တို့ရောက်ပါပြီ "
ကားနောက်ခန်းမှာ မျက်လုံးမှိတ်ပြီးအနားယူနေတယ့်နတ်ဘုရားတမျှချောမောတယ့်လူက မျက်စိပွင်လာပြီး အေးစက်တယ့်အကြည့်များဖြင့် ကားဒါရိုင်ဘာဖွင့်ပေးလာတယ့် ကားပေါ်ကနေဆင်းလာခဲ့တယ်။
အရပ်ရှည်ရှည်ကောင်လေးတစ်ယောက်က အထက်တန်းစားကားတစ်စီးပေါ်ကနေဆင်းလာသည်မှာ သတင်းမီဒီယာသမားများ၏မျက်စိကိုဖမ်းစားသွားစေသည်။
" လူကြီးမင်း ဒီပွဲကိုဘယ်ကုမ္ပဏီရဲ့ကိုယ်စားလှယ်အဖြစ်တက်ရောက်လာခဲ့တာပါလည်းရှင့် "
" လူကြီးမင်းကိုတစ်နေနေရာမှာမြင်ဖူးသလိုပဲ ဘယ်ကုမ္ပဏီကလည်းရှင့် "
သတင်းသမားများကသူတို့ရဲ့လက်နက်ဖြစ်တယ့်ကင်မရာများကိုထုတ်ပြီးလန်ဝမ်ကျီ့ကို ဆက်တိုက်မေးခွန်းများမေးနေကြတော့သည်။
သခင်လေးလန်ကို ခန္ဓာကိုယ် တောင့်တောင့်အရပ်ရှည်ရှည်နိုင်ငံခြားသားများကဝန်းရံထားတာကြောင့်သတင်းထောက်များမှာရှေ့ကိုတိုးလို့မရတော့။
လန်ဝမ်ကျီ့ ဒီနေ့အတော်လေးကိုပြင်ဆင်ထားကာ ဂုတ်ထောက်ဆံပင်ကိုအကုန်လန်တင်ထားကာအချို့အနည်းငယ်သာအရှေ့မှာချထားသည်။
ခြေလှမ်းကျယ်ကြီးများက WXကုမ္ပဏီရဲ့ခန်းမဆောင်ကိုဦးတည်နေလျက်။
" ကျွီ!!"
ဟောခန်းမတံခါးကြီးပွင့်သံနဲ့အတူ အခြွေအရံများစွာဝန်းရံထားတယ့်လန်ဝမ်ကျီ့က စင်ပေါ်ကဟောပြောနေတယ့်လူစီတည့်တည့်မတ်မတ်လျှောက်သွားနေသည်။
ရှောင်းကျန့်ပြောလက်စ စကားများတန့်သွားပြီး သူ့စီလျှောက်လာနေတယ့်လူကိုသာ တစိုက်တမတ်ကြည့်နေလျက်။
လန်ဝမ်ကျီ့ စင်ပေါ်ကိုခြေလှမ်းကျယ်ကြီးများဖြင့် ရှောင်းကျန့်အနားအထိလျှောက်ပြီးရပ်လိုက်ကာ ဟောခန်းတစ်ခုလုံးကြားတယ့်အထိ မိုက်ကနေ လန်ဝမ်ကျီ့အသံကထွက်ပေါ်လာသည်။
" ဥက္ကဋ္ဌရှောင်း ကိုယ်ပြန်လာမှာကိုဘာလို့မစောင့်တာလည်း?"
" ကိုယ့်ကိုစောင့်ရတာကြာလို့မစောင့်နိုင်တော့တာလား "

YOU ARE READING
I'm wait for you { Completed }
RomanceUnicode.. အမေရဲ့သူငယ်ချင်းရဲ့အိမ်မှာလိုက်နေဖို့အကြောင်းဖန်လာတယ့်အခါ အမေ့သူငယ်ချင်းရဲ့သားဖြစ်သူ ဝမ်ရိပေါ် ကိုမြင်မြင်ချင်းချစ်မိသွားတယ့်ရှောင်းကျန့်က ဘယ်လိုမျိုး ဝမ်ရိပေါ်ကိုအရယူမလည်း?? ဒါမှမဟုတ် တစ်ဖက်လူကရော ရှောင်းကျန့်လိုပဲထပ်တူခံစားချက်များရှိန...