Unicode.....
ဝမ်အိမ်တော်အတွင်းမှာတော့ အရင်ကလိုမတိတ်ဆိတ်တော့ပဲ အတော်လေးကိုသာယာလာသည်။
ခြောက်ကပ်နေတယ့်အိမ်တော်ကို ရှောင်းကျန့်ရောက်လာပြီးနောက် မခြောက်ကပ်တော့သလို ရှောင်းပိုင်ဟယ်လည်းပြန်ရောက်လာပြီမို့ ဝမ်အိမ်တော်ကအရင်ကထက်ကို အသံတဆာဆာဖြင့် မတိတ်ဆိတ်တော့ပေ။
အားလုံးထဲမှာမှ မသာယာနိုင်တာက ဝမ်ရိပေါ်တစ်ယောက်ပေ။
ကျန့်ကောကသူ့ကိုအတော် စိတ်ဆိုးနေတာမို့ စကားအပြောမခံသည်မှာတစ်ပါတ်တောင်ရှိနေပြီ...
အဖေတို့ကဘေးကနေဝိုင်းချော့ကူပေမယ့် ဖအေတူသားလေးက သူ့ပါးပါး ရွေစိတ်ကောက်တော်ကြီးနဲ့သွားတူနေလေတော့ စိတ်ဆိုးပြီဆိုတာနဲ့အတော်ချော့ရခက်တော့သည်။
စိတ်ကောက်ရင်ချော့လို့ပြေသေးပေမယ့် အခုကစိတ်ဆိုးနေကာ ဝမ်ရိပေါ်ကလိမ်ထားပါသေးတယ်ဆိုပြီး လုံးဝချော့မရတော့။
အခုလည်း ထမင်းဝိုင်းမှာ သူ့နဲ့မျက်နှာချင်းဆိုင်မှာထိုင်နေပြီး မျက်နှာကိုရှစ်ခေါက်ချိုးပုံစံဖမ်းထားသေးသည်။
" ကျန့်ကော အစပ်စားတာများနေပြီ ကျောက်ပုစွန်ဟင်းကအရမ်းစပ်တယ်.. အချိုချက်ထားတယ့်ပွဲကိုပဲစား "
" ...ကျန့်အာကိုပဲပြောမနေနဲ့ ရိပေါ် လည်းစားအုံး ကျန့်အာကိုပဲပြောနေတာ အခုရက်ပိုင်းမင်းသိပ့်မစားလို့မျက်နှာတောင်ချောင်ကျနေပြီ "
ရှောင်းပိုင်ဟယ်က သတိပေးသလို ဝမ်ရိပေါ်ကိုလှမ်းပြောလာသည်။
ထို့နောက် သူ့ပန်းကန်ထဲကို အခွံခွာပြီးဂဏန်းသားထည့်ပေးတယ့်ဝမ်ကျန်းကော်ကို ကျေနပ်သလိုကြည့်လိုက်တယ်။
ရှောင်းကျန့် ပါးပါးရဲ့စကားကြောင့် ဝမ်ရိပေါ်ကိုမျက်လုံးလန်ပြီးခိုးကြည့်လိုက်ပေမယ့်တစ်ဖက်လူရဲ့အကြည့်နဲ့တိုးသွားတယ်။
ရှောင်းကျန့်ခေါင်းငုံ့လိုက်ပြီး စားစရာရှိတာကိုစားလိုက်တယ်..ဒါပေမယ့် အစပ်ဟင်းပွဲကိုတော့မထိတော့ပေ။
ညအိပ်ခံနီးအချိန်မှာတော့ ဝမ်ရိပေါ် တိတ်တိတ်လေးဝင်လာခဲ့တယ်။
ရှောင်းကျန့်အိပ်နေလောက်ပြီထင်မှ ဝင်လာခဲ့ပေမယ့် ရှောင်းကျန့်ကမအိပ်သေးပဲသူဝင်လာတာကိုစောင့်နေဟန်ဖြင့် ထိုင်နေသည်။

YOU ARE READING
I'm wait for you { Completed }
Roman d'amourUnicode.. အမေရဲ့သူငယ်ချင်းရဲ့အိမ်မှာလိုက်နေဖို့အကြောင်းဖန်လာတယ့်အခါ အမေ့သူငယ်ချင်းရဲ့သားဖြစ်သူ ဝမ်ရိပေါ် ကိုမြင်မြင်ချင်းချစ်မိသွားတယ့်ရှောင်းကျန့်က ဘယ်လိုမျိုး ဝမ်ရိပေါ်ကိုအရယူမလည်း?? ဒါမှမဟုတ် တစ်ဖက်လူကရော ရှောင်းကျန့်လိုပဲထပ်တူခံစားချက်များရှိန...