13

1K 36 0
                                    

Unicode...

ရှောင်းကျန့်ကို ရှိတယ်လို့တောင်မသတ်မှတ်ပဲ သူငယ်ချင်းတွေနဲ့ပျော်ပါးကာစကားဝိုင်းဖွဲ့နေတယ့်မိန်းလီကို မနူတ်ဆက်တော့ဘဲ အပေါ်ထပ်ကိုသာတက်လာခဲ့သည်။

ရိပေါ်မွေးနေ့ပွဲညတုန်းက အရမ်းတွယ်ကပ်လွန်းတယ့်မိန်းလီကိုသူသဘောမကျပေ။
ထိုညမှာ သူမအကြည့်တွေက ရှောင်းကျန့်အပေါ်ကိုကျရောက်နေပြီး မုန်းတီးကာရန်လိုနေသည့်အကြည့်ဖြစ်သည်။

သူမရဲ့ ရိပေါ်အပေါ်သဘောထားက အစ်ကိုတစ်ယောက်လိုသဘောဖြင့် ဆက်ဆံတာနဲ့မတူပင်။

ရှောင်းကျန့် ရေချိုးသန့်စင်ပြီးအောက်ထပ်ကိုဆင်းလာခဲ့သည်။

အိမ်နေရင်း ရှပ်အက်ျီအဖြူရောင် ပေါ့ပေါ့ပါးပါးနဲ့ ဒူးဖုံးဘောင်းဘီအမည်းလေးကိုတွဲဝတ်ထားတယ့်ရှောင်းကျန့်က တကယ်ကိုမြင်သူရင်အေးချမ်းစေသည့်အသွင်အပြင်ဖြစ်သည်။

ရှောင်းကျန့်ဆင်းလာတာကိုမြင်တယ့်အန်တီချန်က...

" သခင်လေးလာရင် မမလေးက အနောက်ကပန်းခြံကိုလာဖို့မှာလိုက်တယ်"

ရှောင်းကျန့် သိပြီလို့ပြောလိုက်ကာ ပန်းခြံကိုသွားတယ့်လမ်းဖက်ထွက်လာခဲ့သည်။

ရိပေါ်က ကုမ္မဏီမှာ အချိန်ပိုဆင်းနေသည်မို့ ညနေမှောင်ရီပျိုးချိန်မှပြန်ရောက်လာတတ်သည်။

ပန်းခြံထဲတွင်.....

" မိန်းလိီ နင့်မွေးစားအစ်ကိုက လှတယ့်အထဲပါတယ်နော် ချောလည်းချောတယ် "

မိန်းလီ မျက်နှာကနီရဲသွားပြီး ဒေါသထွက်ထွက်ဖြင့်..

" သူကမျက်နှာပဲလှပြီး မာယာများတဲ့ ကောင်"

မိန်းလီရဲ့နောက်လိုက်ဖြစ်ပုံရတယ့်ကောင်လေးက အလျင်စလိုဖြင့် မိန်းလီကိုချော့လာသည်။

" ဟုတ်တယ် ကိုယ့်လီလီကအလှဆုံးပဲဟာကို အဲ့ဒီမိန်းမလိုယောကျာ်းလိုကောင်နဲ့ ယှဥ်စရာအကြောင်းကိုမရှိတာ "

မိန်းလီကထိုစကားကိုကျေနပ်သွားဟန် ရှောင်းကျန့်ကိုချီးကျူးလိုက်တယ့် မိန်းကလေးကိုမကျေနပ်ဟန်မျက်စောင်းထိုးလိုက်သည်။

I'm wait for you   { Completed }Where stories live. Discover now