21

38 2 0
                                    

Zawgyi .

အိမ်၏ဆင်ဝင်ပေါက်တွေကားထိုးရပ်လာတာကြောင့် ဝမ်ရိပေါ်နဲ့ရှောင်းကျန့်လည်း မီးဖိုချောင်ကနေထွက်လာခဲ့တယ်။

မတွေ့ရတာလပိုင်းအတော်ကြာနေပြီဖြစ်တယ့်ဦးလေးဝမ်ကို ရှောင်းကျန့်နူတ်ဆက်လိုက်တယ်။

" ဦးလေးဝမ် မတွေ့ရတာကြာတော့ ရုပ်ပိုနုလာသလားလို့ "

" ..တစ်စုံတစ်ယောက်ကတော့ ဦးလေးကိုအိုနေပြီပြောတာပဲ အိုင်း"

" ခဗျားနော် ကလေးရှေ့မှာ "

ဦးလေးဝမ်အနောက်ကနေ ကြည်လင်နေတယ့်အသံကထွက်လာပြီး ရှောင်းကျန့်ကိုတွေ့တော့ မျက်လုံးအိမ်တွေနီရဲလာသည်။

ဝမ်ရိပေါ်က တစ်လျှောက်လုံးငြိမ်လာပြီး အဖေအနောက်ကလူကိုတွေ့တယ့်အချိန်မှာတော့ ခေါင်းကိုငုံ့ထားမိသည်။

ရှောင်းကျန့် ထိုလူကိုသေချာမကြည့်ခင်မှာပဲ တစ်ကိုယ်လုံးကတင်းကျပ်သွားရသည်။

ရှောင်းကျန့်အဖက်ခံလိုက်ရတာပင်!

" လွမ်းနေတာ ကျန်းကျန်းမာမာနဲ့ ရှိနေခဲ့ပေးလို့ ပါးပါးအရမ်းဝမ်းသာတယ်..ငါ့သားလေး အတော်ကြီးလာပြီပဲ ပါးပါးထက်တောင်အရပ်ရှည်နေပြီ "

" ..ဟို လူမှားနေပြီထင်တယ် ကျွန်တော်အဖေကဆုံးသွားတာကြာပြီဗျာ.. "

ရှောင်းကျန့် စိတ်မသက်မသာနဲ့ပြောလိုက်တယ်။

မနေနိုင်တယ့်ဝမ်ကျန်းကော်ကပဲ ပိုင်ဟယ်ကိုဝင်ဆွဲလိုက်ပြီး..

" ပိုင်ဟယ် ကလေးကိုခြောက်လှန့်မိလိမ့်မယ်.. ကိုယ်တို့ ထိုင်ပြီး အေးဆေးပြောကြရင်ပိုကောင်းမယ်..ပြီးတော့ ကျန့်အာကဘာမှမသိသေးတယ့်သူလေး "

ပိုင်ဟယ်လည်း ရှောင်းကျန့်ကိုလွှတ်ပေးလိုက်ကာ ရှက်ရွံ့စွာနဲ့မျက်နှာပေါ်ကမျက်ရည်တွေကိုသုတ်လိုက်တယ်။

ထို့နောက် သူ့အကြည့်တွေက ရှောင်းကျန့်ဘေးမှာရပ်နေတယ့်ဝမ်ရိပေါ်စီအကြည့်ရောက်သွားတယ်။

ပိုင်ဟယ် နူတ်ခမ်းကိုတင်းတင်းစေ့ထားလိုက်ပြီးအကြည့်လွှဲလိုက်တယ်။

I'm wait for you   { Completed }Where stories live. Discover now