16

191 7 2
                                    

:(မနက်ဖြန်  စခန်းကိုသွားရမှာမို့ အပိုင်းသစ်ကိုနောက်မှပြန်အပ်ပေးမယ်နော် )

Unicode.......

ပိုင်ဟယ် သူနိုးလာတော့ မရင်းနှီးတယ့်နေရာမှာနိုးလာတာကိုသိလိုက်ရတယ်။

ခြေသံဖွဖွလေးကြားသည်မို့ ပိုင်ဟယ် အိပ်ယာခင်းကိုဆုပ်ကိုင်မိလျက်သတိအနေအထားဖြင့် အိပ်ခန်းတံခါးကိုစိုက်ကြည့်နေသည်။

*ကလစ်*
တံခါးကပွင့်လာပြီး ပိုင်ဟယ်အလွန်ကိုရင်းနှီးဖူးတယ့်မျက်နှာကိုတွေ့လိုက်ရတယ်။

နှစ်ယောက်သားအကြည့်စိုက်နေလျက် တံခါးပေါက်ဝကလူကလည်းရှေ့မတိုးလာသလို ပိုင်ဟယ်ကလည်းဘာစကားမှပြောမလာခဲ့ပေ။

တိတ်ဆိတ်နေတယ့်အခန်းက ပိုင်ဟယ်ရဲ့ဝေးဝေးဝါးဝါးရေရွတ်သံလေးထွက်ပေါ်လာတယ်။

" ငါသေသွားတာလား ဘယ်လိုလုပ်ပြီး ဝမ်ကျန်းကော်ကိုအရှင်လတ်လတ်တွေ့နေရတာလည်း ဟား!"

ဝမ်ကျန်းကော်လည်းအသိပြန်ဝင်ကာ ပိုင်ဟယ်စီခြေလှမ်းရင် အိပ်ယာပေါ်ကလူကိုရင်ခွင်ထဲဆွဲသွင်းကာတင်းကျပ်စွာပွေ့ဖက်လိုက်သည်။

ပါးစပ်ကနေလည်း တဖွဖွပြောရင်း...

" တောင်းပန်ပါတယ် တောင်းပန်ပါတယ် ပိုင်ဟယ် ကိုယ်အများကြီးတောင်းပန်ပါတယ် ကိုယ်မင်းကိုလက်မလွှတ်ခဲ့သင့်ဘူး.. "

ပိုင်ဟယ်ရဲ့မျက်ဝန်းကနေ တာကျိုးသွားသလိုမျက်ရည်ဥများအလိမ့်လိမ့်ဆင်းလာကာ အိပ်ယာခင်းကိုတင်းကြပ်စွာဆုပ်ချေမိတာကိုဖြေလျှော့လိုက်သည်။

ပိုင်ဟယ် ဆို့နင့်နေသောအသံဖြင့် မျက်ရည်များပြည့်နှက်နေသောမျက်လုံးများဖြင့်ဝမ်ကျန်းကော်ကိုကြည့်ကာ...

" ပြန်မတွေ့နိုင်တော့ဘူးလို့ထင်ခဲ့တာ.. ဝမ်ကျန်းကော် မဟုတ်မှ အိပ်မက်များလား ဒါပေမယ့် အိပ်မက်ထဲမှာခင်ဗျားက ကျွန်တော့်ကိုတစ်ကြိမ်မှတောင်လာမတွေ့ခဲ့ပါဘူး.. "

" ကိုယ်တောင်းပန်ပါတယ် ပိုင်ဟယ် "

ဝမ်ကျန်းကော် ရင်ဘတ်တစ်ခုလုံးပြင်းထန်စွာနာကျင်နေလျက် တောင်းပန်ပါတယ်ဆိုတာကလွှဲဘာ့စကားမှမဆိုနိူင်တော့...

I'm wait for you   { Completed }Where stories live. Discover now