27

872 32 0
                                    

Unicode.... ..

" ပြန်လာပြီလားဟင့် ရိပေါ် "

" အင်း ပြန်လာခဲ့တာ ခဗျားကိုတွေ့သွားချင်လို့ "

လန်ဝမ်ကျီ့ လူနာစောင့်ထိုင်ခုံတွေဝင်ထိုင်လိုက်ပြီး သူ့ကိုမျက်တောင်မခတ်ငေးကြည့်နေတယ့်အမျိုးသားကိုပြန်ကြည့်လိုက်တယ်။

ဒီလောက်လှတာ့်မျက်လုံးတွေက ငိုထားလို့နီရဲနေပြီး မျက်နှာပြင်မှာလည်းမျက်ရည်စီးကြောင်းတွေနဲ့ပေပွနေတယ်။

လန်ဝမ်ကျီ့ တစ်ရှူးယူလိုက်ပြီး တစ်ဖက်လူရဲ့မျက်နှာလေးကို ပဲ့ကြွေသွားမှာစိုးသည့်အလား ဖွဖွလေးသုတ်နေမိသည်။

နီးကပ်နေတယ့်မျက်နှာချင်းအနေအထားကြောင့် တစ်ဖက်လူရဲ့မျက်တောင်မွှေးကအစသေချာမြင်နေရသည်။

ရှောင်းကျန့် ကလေးတစ်ယောက်လိုရယ်လိုက်ရင်း ဝမ်ရိပေါ်လက်ကိုဆုပ်ကိုင်လိုက်ပြီးမျက်နှာနှင့်ပွတ်သပ်လိုက်တယ်။

" လွမ်းနေခဲ့တာ အကြာကြီးပစ်ထားလို့မင်းကိုစိတ်ဆိုးချင်ပေမယ့် လွမ်းတယ့်စိတ်ကပိုများနေလို့ မင်းကိုခွင့်လွှတ်ပေးလိုက်မယ် ဟွန့်!"

" ..ဥက္ကဌရှောင်း ကိုယ်လန်ဒန်ကိုပြန်ရမယ် စောင့်နေနော် ကိုယ်ကဝမ်ရိပေါ်လားဆိုတာအတည်ပြုစရာရှိလို့"

" လူလိမ်! "

နွေးထွေးတယ့်လေထုကနေချက်ချင်း စိတ်ဓာတ်ကျစရာလေထုကပေါ်ထွက်လာခဲ့တယ်။
ထပ်ပြီးမျက်ရည်ကျနေတယ့်အမျိုးသားလေးက သူ့လက်ကိုတွန်းထုတ်ပြီးဆူဆဲလာတယ်။

မယုံနိုင်သလိုမျက်လုံးလေးပြူးသွားပြီး သူ့ကိုရိပေါ်လို့ခေါ်လာပြီးတစ်ကိုယ်လုံးကိုသူ့ရင်ခွင်ထဲပစ်ဝင်နေတယ့်လူကို လန်ဝမ်ကျီ့ ပြုတ်မကျအောက်ဖက်ထားပေးရသေးတယ်။

" မင်းကဘာလို့ဝမ်ရိပေါ်မဟုတ်ရမှာလည်း!! မင်းရဲ့လက်ခုံမှာကိုက်ရာအသေးလေးတောင်ကျန်နေသေးတာ ဒါငါမင်းကိုအပစ်ပေးခဲ့တာ.. ဒီရင်ဘတ်နားမှာရောငါ့နာမည်လေးမင်းထိုးခဲ့သေးတာကို လူလိမ်!!"

ရှောင်းကျန့် ရူးတော့မလိုခံစားနေရပြီး ဝမ်ရိပေါ်ရဲ့အက်ျီကြယ်သီးကိုဆွဲဖြုတ်နေတယ်။
ဖြူဖွေးနေတယ့်ညှပ်ရိုးတွေကပေါ်လာပြီး ရင်ဘတ်ပေါ်ကတက်တူးရှိတယ့်နေရာမှာအမာရွတ်သာရှိနေခဲ့တယ်။

I'm wait for you   { Completed }Where stories live. Discover now