9

1.2K 39 1
                                    

Unicode...

ရိပေါ်ဆယ့်ရှစ်နှစ်ပြည့်ပြီးတော့ ဝမ်ကျန်းကော်က သူ့ရဲ့ကုမ္ပဏီရဲ့ဆက်ခံသူအဖြစ်ကြေညာလိုက်တာကြောင့် စီးပွားရေးလုပ်ငန်းရှင်များက သူတို့၏သမီးရှင်များကို ဝမ်ရိပေါ်နဲ့အောင်သွယ်လာကြတော့သည်။

ရှောင်းကျန့်လည်းထို့နည်းတူပင်... ဝမ်ကျန်းကော်က အမွေတွေပေးခဲ့သည်။

ဝမ်ရိပေါ်ရဲ့အမွေ ဆယ်ပုံတစ်ပုံစာလောက်သာရှိပေမယ့် ရှောင်းကျန့်မှာ ဦးလေးဝမ်ထပ်ပေးလာမှာစိုးရကာ တစ်ပုံစာလောက်နဲ့တင် ရပါပြီဟု မနည်းပြောလိုက်ရသည်။

ဒါပေမယ့် ဦးလေးဝမ်က  ရှောင်းကျန့်အမေက သူ့အသက်ကိုကူညီဖူးတာကြောင့် အကြွေးပြန်ဆပ်တယ်လို့ပဲသတ်မှတ်ခိုင်းကာရှောင်းကျန့်ကို လွှဲပေးတယ့်အမွေစာချုပ်မှာလက်မှတ်ထိုးခိုင်းခဲ့တယ်။

ရှောင်းကျန့် ပြောလိုက်ချင်တယ်..

အမွေတွေထက် ဦးလေးသား ဝမ်ရိပေါ်ကိုပဲလိုချင်တာလို့!!!!..စိတ်ထဲမှာဆယ်ကြိမ်မကအော်နေပြီးပြီ

အမွေလက်ခံစာချုပ်လက်မှတ်အစား ဝမ်ရိပေါ်နဲ့လက်ထပ်တယ့်စာချုပ်ပေါ်မှာပဲ လက်မှတ်ထိုးလိုက်ချင်တယ်..

( သူတော်တော်ဖြစ်😒)

" ရှောင်းကျန့် ဟိုမှာ ရိပေါ် "

ချန်ရီီဟွေး စာသင်ခန်းအဝက ရပ်နေတယ့်ဝမ်ရိပေါ်ကိုညွှန်ပြလိုက်တယ်။

ရှောင်းကျန့် အမြန်ထရပ်လိုက်ပြီး ရိပေါ်စီပြေးသွားလိုက်သည်။

အခန်းထဲကလူများမှာ ရိပေါ်ရောက်လာတာကြောင့် ခိုးခိုးကြည့်နေကြသည်။

တချိူ့ကျောင်းသူမိန်းကလေးများမှာ ဝမ်ရိပေါ်ကို မျိုချတော့မယ်အကြည့်နဲ့ကြည့်ကာ မျက်နှာနီရဲလာလိုက် အကြည့်ကိုမလွှဲကြပေ။

ရှောင်းကျန့်နူတ်ခမ်းစူလိုက်ကာ အဖြူအပြာရောစပ်ထားတော့ကျောင်းဝတ်စုံဖြင့်အရမ်းချောနေတယ့်ကိုယ့်ရဲ့ပိုင်ရာလူသားလေးကိုကြည့်ရင် စိတ်ထဲပိစိလေးသဝန်တိုလာသည်။

" ကျန့်ကော မနက်စာကိုသိပ့်မစားလို့"

ရိပေါ်က လက်ထဲက အထုပ်လေးတစ်ထုပ်ကမ်းပေးလာသည်။

I'm wait for you   { Completed }Where stories live. Discover now