5

1.4K 45 2
                                    

Unicode ........

" ရှောင်းကျန့် ဝမ်ရိပေါ်ကမင်းကိုတကယ်ဂရုစိုက်ပုံပါဘဲ မင်းတို့ကညီအစ်ကိုလို့သာငါမကြားထားရင် ဒီနေ့အဖစ်အပျက်ကို စိတ်ကောက်နေတယ့်အတွဲတွေလို့ထင်မိတော့မလိုပဲ..ငါ့မှာသွေးသားချင်းမောင်နှမတွေမရှိတော့ ညီအစ်ကိုတွေဘယ်လိုရင်းနှီးပြီးနေကြလည်းမသိတော့.."

" ...အဲ့..အဲ့ဒါက ဟားဟား  အဲ့ဒီလိုပါပဲ "

ရှောင်းကျန့် အထစ်ထစ်နဲ့မျက်နှာနီကာ လည်ပင်းကိုလက်ဖြင့်ပွတ်ရင်း မျက်လွှာချကာပြောလိုက်တယ်။

" အဲ့တုန်းက ငါသာမင်းနဲ့လိုက်သွားရင် ငါ့ကိုဖိချေပစ်တော့မယ်အကြည့်နဲ့ကြည့်လာတာ ..အခုမှပဲ အတန်း၁ကလူတွေ ဘာလို့ဝမ်ရိပေါ်ကိုကြောက်ကြတာလည်းသိပြီ.. ငါတော့နောက်တစ်ခါအဲ့လိုအကြည့်နဲ့အကြည့်ခံရရင် အမယ်လေး ကြက်သီးထလိုက်တာ "

"အဲ့ဒါက.. ရိပေါ်က နဂိုကတည်း အဲ့ဒီလိုပဲလေး "

" ဟုတ်တယ် သူ့တစ်ခါမှပြုံးတာကိုမြင်ဖူးတယ့်လူဒီကျောင်းမှာမပေါ်လာသေးဘူး..မျက်နှာထားသာတည်တာ မင်းကိုတော့ဂရုစိုက်သားပဲ..ပြောရင်းငါ့ကိုဂရုစိုက်ပေးခဲ့ဖူးတယ့်လူကိုတောင်သတိရမိတယ်"

ချန်ရှီဟွေး တကယ်ကိုကြောက်သွားတာဖြစ်သည်။

သူသာရှောင်းကျန့်ကိုဆေးခန်းအထိလိုက်သွားရင် သူ့ကိုအဲ့နေရာမတင်ရေခဲရိုက်အကြည့်နဲ့ထသတ်မှာလားမသိပင်။

ကျောင်းရဲ့နာမည်ကြီးရေခဲတောင်ကြီးက သူ့အစ်ကိုဖြစ်တယ့်ရှောင်းကျန့်ကို သည်းသည်းလှုပ်မှ ချန်ရှီဟွေး လုံးဝမထင်ထားပင်။

ချန်ရှီဟွေး ပြောရင်း အကြောင်းအရင်းမရှိ ပျောက်ကွယ်သွားတယ့် တစ်စုံတစ်ယောက်ကိုသတိရလိုက်တယ်။

သူရော ချန်ရှီဟွေးမဟုတ်တယ့်တစ်ခြားသူကို ဂရုစိုက်နေသလား..
မျက်နှာထားတင်းပေမယ့်နူးညံ့နေတယ့်အကြည့်တွေနဲ့ ကြည့်လေမလား..

ရှောင်းကျန့် ရုတ်တရက်မျက်နှာမကောင်း သွားတယ့်ချန်ရှီဟွေးရဲ့အဆီတွေရှိနေသေးတယ့်ပါးဖောင်းဖောင်းလေးကိုညစ်လိုက်ပြီး...

I'm wait for you   { Completed }Where stories live. Discover now