[Unicode]
Chapter (3.1) - ယဲ့ချန် ချောက်ချခံရပြီ
အတန်းတွင်းအစမ်းဖြေစာမေးပွဲဖြစ်တာကြောင့် သူတို့၏ စာရေးခုံတွေ နေရာပြောင်းမသွားဘဲ ထိုင်ခုံတွေကလည်း မူလအတိုင်းပဲဖြစ်သည်။
အတန်းထဲတွင် တိတ်ဆိတ်နေပြီး အဖြေစာရွက်ပေါ်၌ စာရေးသံ၊ ခြစ်သံတို့ကိုသာ ကြားရသည်။
ချင်းလောင်ဖြေပြီးတာ ကြာပြီဖြစ်သည်။ သူ့မှာလုပ်စရာမရှိတော့တာကြောင့် စားပွဲခုံပေါ် ခေါင်းအပ်ကာအိပ်ရန်ကြိုးစားလိုက်သည်။
ထိုစဉ်မှာပင် ဘေးခုံမှလာသော လှောင်ရယ်သံကို တိုးတိုးလေးကြားလိုက်ရသည်။
ရယ်ပါ... ရယ်ပါ...။ မင်းပြုံးရယ်လေလေ ရလဒ်ထွက်လာတဲ့အခါ မင်းအမူအရာ ပိုကောင်းနိုင်လေလေပဲ။
သို့သော် ဒါက အရေးအကြီးဆုံးအရာမဟုတ်။ အရေးအကြီးဆုံးက နောက်ထပ်လာမည့် ဇာတ်ညွှန်းဖြစ်သည်။
စာမေးပွဲခန်းစောင့်ဆရာမက သူတို့၏ လှပသော အင်္ဂလိပ်စာဆရာမလေးဖြစ်သည်။
သူမသည် အဖြေလွှာများကို လက်ခံပြီးနောက် သူမ၏ကောင်လေး ချစ်ရေးဆိုစဉ်က ၀တ်ဆင်ပေးခဲ့သော လက်စွပ်ကို ပြန်၀တ်ရန်မေ့လျော့သွားလိမ့်မည်။
ချင်းလောင်နားမလည်သည်က ဆရာမက ဒီလိုအရေးကြီးသော လက်စွပ်ကို ချွတ်ပြီးနောက် ပြန်၀တ်ရန် ဘာကြောင့်မေ့လျော့သွားတာလဲဆိုတာပင်။
ဖြစ်နိုင်တာက ဇာတ်ကြောင်းချောမွေ့စွာဆက်သွားနိုင်ရန် စာရေးသူ၏ဖန်တီးမှုဖြစ်လိမ့်မည်။
ဒီလိုနှင့် ပျောက်ဆုံးနေသောလက်စွပ်ကို တစ်စုံတစ်ယောက်က ယဲ့ချန်ကို ချောက်တွန်းရန်အတွက် အသုံးပြုလိုက်သည်။ အဲဒီ့နောက် ယဲ့ချန်က ကျောင်းထုတ်ခံရလိမ့်မည်။
အမျိုးသမီးဇာတ်လိုက်က အမျိုးသားဇာတ်လိုက်အတွက် အမှန်တရားကိုရှာဖွေပေးလိမ့်မည်။
အဆုံးမှာတော့ ယဲ့ချန်အပြစ်ကင်းကြောင်း ပေါ်ထွက်လာပြီး အမျိုးသမီးဇာတ်လိုက်အပေါ် သူ့အချစ်များမှာ တိုက်ရိုက်ကိုတိုးသွားတော့သည်။
သို့သော်လည်း ချင်းလောင်ကတော့ အဲဒီ့လိုလိုက်မလုပ်မှာ သေချာသည်။

YOU ARE READING
စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင္ဂယ္လ္ေခြး အဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...