(Unicode)
TN- မီးကတော့ ဒီနေ့အထိပြန်မလာသေး...... ရှိတဲ့အားလေးနဲ့ ရေးပြီး တင်ပေးလိုက်ပါတယ် နောက်တစ်ပိုင်းတော့ စောင့်ပေးပါဦး ချင်းလောင်လေး ဇွန်ဘီဖြစ်ဖို့ကတော့ အပိုင်း ၇၉ ကျမှနော်.....
Chapter (76.2)–၀က်ခေါင်းဖြစ်အောင်ရိုက်ပစ်မယ်
အခြေစိုက်စခန်းတစ်ခု၏ ဖြစ်နိုင်သည့် အခြေအနေများကို ထန်းရှောင်ရို့က အဆိုပြုသည့်အခါ အစားအသောက်နှင့် လက်နက်များကိုသယ်ယူရန် ကန်တင်း၏ အနောက်ဘက်ရှိ နဂိုဆိုင်ရှင်၏ ဗန်ကားကို အားချန်ဆီကနေ သူတို့၀ယ်ခဲ့ကြသည်။
ချင်းလောင်၏ အကြံပြုချက်အရ နောက်ထပ်အစားအသောက်တွေလည်း ကားထဲသို့တင်ထားခဲ့ကြသည်။
အားချန်သည်အလွန်ကြောက်လန့်နေသည်။ သူကမည်သည့်တံခါးကိုမျှ ဖွင့်ပေးရန်မဝံ့ရဲပေ။
ဒါကြောင့် သူကသူ့ရဲ့အားသာချက်ကိုယူပြီး ပတ်ဝန်းကျင်ပတ်ဝန်းကျင်ကိုစောင့်ကြည့်ဖို့သာ တတ်နိုင်သည်။
အစားအသောက်တွေကို နဂိုကတည်းက အခန်းထဲဝှက်ထားသောကြောင့် အဲဒီ့လူတွေ ဘာကိုမျှ မရှာနိုင်ပေ။
ကျိုးဟုန်ပြောလိုက်သည်။
"ယို့... တစ်ကယ်ပဲလားဟ... ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စတစ်ခုပဲရှိတယ်။ ဘယ်သူ၀ယ်ထားတာ၊ မ၀ယ်ထားတာ ငါဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်းတို့စားချင်တယ်ဆိုရင် ပေးဝေမှုကို နာခံဖို့လိုတယ်..."
ချင်းလောင်နှင့် လင်လျန်တို့ အချင်းချင်း ကြည့်လိုက်မိကြပြီးသူတို့၏ ပင်ကိုယ်သိစိတ်က 'ကိစ္စတွေဟာ မလွယ်ကူနိုင်ကြောင်း' ပြောပြနေသည်။
သူတို့တွေးတာမှန်သည်။
ထို့နောက် သူတို့သည် ထိုလူ့ထံမှ နောက်ထပ်တစ်ခွန်း ပြောလာသည်ကို ကြားရသည်။
"မင်းတို့ကျောင်းရဲ့ အလှပန်းလေးကို ငါတို့နဲ့ မျှဝေခွင့်ပြုနေသမျှ မင်းတို့ကိုနေ့တိုင်း စားခွင့်ပေးမယ်... ဘယ်လိုလဲ..."
"ဖာ့ခ်... မင်းဘာပြောလိုက်တာလဲ"
ချင်းလောင် ထိတ်လန့်ကာ ဒေါသထွက်သွားသည်။ ကျိုးဟုန်ဘက်မှ တစ်စုံတစ်ယောက်ကလည်း ရှုံ့ချလာသည်။

ESTÁS LEYENDO
စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင္ဂယ္လ္ေခြး အဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...