365 68 10
(Unicode)
Chapter (49.2)–သတ္တိတွေတော်တော်လေးမှ ရှိနေသေးရဲ့လား
လုယွမ်နှာမှုတ်ကာ ပွင့်ပွင့်လင်းလင်းပြောလာသည်။
"သခင်... ဒီလိုတွေးခဲ့ဖူးလား။ ငါထွက်သွားရင် မင်းရဲ့အသက်ကိုလည်း ငါနဲ့အတူယူသွားမယ်ဆိုတာလေ။ ငါ့ကိုတစ်ကယ်ပဲ ထွက်သွားစေချင်ပြီလား"
"ငါ.... ငါ...."
ချင်းလောင် နောက်တစ်ကြိမ် သေမလိုဖြစ်နေပြီဆိုတာ ခံစားမိသည်။ ဒါက လွန်ခဲ့သော ခုနစ်နှစ်က ရွာသားများ၏ ဖုံးကွယ်ထားသော မျက်နှာတွေ၊ လက်နက်အဖြစ် စွဲကိုင်လာသည့် ပေါက်ပြားနှင့် တူရွင်းပြားတွေ၊ တစ်ကိုယ်လုံး သွေးချင်းချင်းရဲသည်အထိ သူ့အဖိုးကို ဝိုင်းရိုက်ကြရင်း ဦးနှောက်တွေပါ ပြန့်ကျဲကုန်တာတွေကို ရုတ်တရက် ပြန်လည်မြင်ယောင်လာစေသည်။
အေးစက်မှုက ခြေဖျားမှ ဦးနှောက်ထိတိုင် ရောက်ရှိသွားရာ သူ့နှလုံးသားကိုပါ ဖြတ်သန်းသွားလေသည်။ အားနည်းနေဆဲဖြစ်သည့်ချင်းလောင် တောင့်မခံနိုင်တော့ပါချေ။
"ဟမ့်..."
လုယွမ်သည် ဆေးရုံကုတင်ဘေးတွင်ရပ်ပြီး အိပ်ရာပေါ်မှ အားနည်းဖျော့တော့နေသည့်ကောင်လေးကို ငုံ့ကြည့်ကာ နှာမှုတ်လိုက်သည်။
"သတ္တိတွေတော်တော်လေးမှ ရှိနေသေးရဲ့လား"
သူ့ရဲ့လှောင်ပြောင်မှုကို ငြင်းဆန်သကဲ့သို့ အားနည်းဖျော့တော့နေသည့် ချင်းလောင်တစ်ယောက် နိုးထလာသည်။
သူမျက်မှောင်ကြုပ်ကာ ထူးထူးခြားခြား နာကျင်နေသည့် နားထင်ကို ပွတ်လိုက်သည်။
လုယွမ် သူ့ကိုစိတ်၀င်တစားကြည့်နေကြောင်း မြင်လိုက်ချိန်မှာတော့ မျက်ခုံးတွေက ပိုပြီးစုကြုပ်သွားတော့သည်။
သို့သော် သရဲခြောက်သည့်အိမ်ကြီးမှ ထွက်လာပြီး သူ့ဒဏ်ရာကိုကုသရန် ဆေးရုံကိုရောက်နေတာဖြစ်ကြောင်း ပြန်တွေးမိပြီးနောက် အေးစက်စွာဖြင့် ခပ်ပြတ်ပြတ်ပြောလိုက်သည်။
"ကျေးဇူးပဲ"
လုယွမ်ပြုံးကာ ဘာမျှမပြောပေ။ ချင်းလောင်လည်း သူ့ကိုဂရုမစိုက်တော့ဘဲ ခေတ်သစ်ဆေးရုံခန်းထဲ လျှောက်သွားပြီးကြည့်နေသည်ကို ခွင့်ပြုထားလိုက်သည်။
စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင်ဂယ်လ်ခွေး အဆုံးသတ်စနစ်] Mm TranslationDonde viven las historias. Descúbrelo ahora