(73.2)underwearတစ်ထည်တည်းကိုမျှ၀တ်မိသလိုမျိုး/underwearတစ္ထည္တည္းကိုမွ်၀တ္မိသလို

268 53 18
                                    

(Unicode)

Chapter (73.2)–underwear တစ်ထည်တည်းကို မျှ၀တ်မိသလိုမျိုး.......

ချင်းလောင် : "....."

— သူရှုံးသွားပါပြီ....

စောင့်ကြည့်နေသည့် system လေး : "ဒီရှင်းပြချက်ကို ငါအမှတ်ပြည့်ပေးတယ် .."

ချင်းလောင်တစ်ယောက် system ၏ ကျီစယ်သံကို ကြားလိုက်ရသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါ့မိသားစုက လင်လင်က ကလူကျီစယ်တဲ့နေရာမှာ တစ်ကယ်တော်တာ..."

ကမ္ဘာသုံးခုကို အတူတူဖြတ်သန်းခဲ့ကြပြီးနောက် 25 လေးမှာ သူ့ host ဆီက အနှောင့်အယှက်ပေးခံရသည့်အပေါ် ပိုပိုပြီး တည်ငြိမ်လာပြီဖြစ်သည်။ ဒီတစ်ခါတော့ လျစ်လျူရှုဟန်ဖြင့် ရှိနေလေသည်။

"မဟုတ်ဘူး။ ငါ့မိသားစုက zerozero ကတော့ အဓိပ္ပာယ်မရှိတာတွေ မပြောတတ်ဘူး"

— ဒီအတိုင်း စိတ်ထဲရှိရာ တစ်ခါတည်း လုပ်ချလိုက်တာလေ..

system ဆီက လွန်လွန်ကဲကဲဖြစ်နေသော လေသံကို ကြားလိုက်ရသည့် ချင်းလောင် : "......"

— သူရှုံးသွားပြန်ပြီ...

ချင်းလောင်သည် ကန်ရေပြင်ပေါ်သို့ ဖြတ်တိုက်လာသည့် ဆောင်းဦးလေကြောင့် တုန်ယင်သွားပြီး ဒီလိုလှုပ်ရှားမှုသေးသေးလေးကပင် လင်လျန်၏အာရုံထဲ ၀င်ရောက်လာသည်။

သူသည် ချင်းလောင်ကို ပွေ့ဖက်ပြီးနောက် ပတ်၀န်းကျင် အခြေအနေကို မပြတ်လေ့လာရင်း ကမ်းခြေဆီ ကူးခတ်လာလေသည်။

ကမ်းစပ်မှရေထဲတွင် လေးမိနစ်လောက် ထပ်နေကြပြီးနောက် အနီးအနားတွင် ဇွန်ဘီများ အမှန်တကယ်မရှိတော့ကြောင်း၊ ယာယီအားဖြင့် လုံခြုံပြီဖြစ်ကြောင်း သေချာအောင် အရင်လုပ်သည်။

နောက်ထပ်ငါးမိနစ်လောက်ကြာပါက အလိုအလျောက် alarm ထပ်မြည်ဦးမှာမို့ ထိုအချိန်ကိုစောင့်ကြသည်။

မည်သို့ဆိုစေ ကုန်းပေါ်တက်လာသည့်ခြေသံတွေ၊ အိတ်၊ ရှူးဖိနပ်၊ ကုတ်အင်္ကျီတို့ကို ယူလိုက်သံတွေ၊ မြက်ခင်းပြင်ပေါ် ဖြတ်ပြေးသံတွေနှင့် သစ်ပင်ပေါ်တက်သည့်အသံတွေက သိပ်ပြီးကျယ်လောင်လှမည် မဟုတ်ပါချေ။

စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင်ဂယ်လ်ခွေး အဆုံးသတ်စနစ်] Mm TranslationDonde viven las historias. Descúbrelo ahora