(Unicode)
Chapter (53.1)–မင်းကကျွန်တစ်ယောက်မဟုတ်ဘူး
ကျန်းဖျင်သည် ယနေ့ ယန်ယန့်ထံမှ ဟော့ပေါ့အတူတူစားရန် ဖိတ်ကြားခံခဲ့ရသည်။ ယန်ယန်သည် ချမ်းသာသည့် ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက်ဆိုသော်လည်း ချင်းယန်တို့အုပ်စုလို ဒုတိယမျိုးဆက် သူဌေးသားတော့ မဟုတ်ဘဲ ကွာခြားမှုရှိသည်။
ယန်ယန်သည် ပျော်ရွှင်တက်ကြွပြီး သဘောထားကြီးကာ စိတ်ထားလှသည်။ လူတွေကို စိတ်ရင်းဖြင့်ဆက်ဆံပြီး အဓိကကျသည့် 'လေအနွေးပေးစက်လေး' တစ်လုံးလိုပင်။ဆက်ဆံရလွယ်ကူပြီး တခြားသူတွေကိုလွှမ်းမိုးဖို့ သူ့မိသားစုနောက်ခံကို မသုံးတတ်ပေ။
ကျန်းဖျင်သည် သူနှင့်အလွန်ရင်းနှီးပြီး ယူထားသည့် major မတူသည့်တိုင် ပုံမှန်အားဖြင့် ဘောလုံးကန်ရန်၊ ညစာစားရန် သို့မဟုတ် ထိုသို့တစ်ခုခုလုပ်ရန် တွေ့ဆုံကြလေ့ရှိသည်။
ဒီည... ယန်ယန်တစ်ယောက် သူ့မေဂျာမှ ချစ်စရာကောင်မလေးများကိုပါ ခေါ်ထားပြီး ကျန်းဖျင် ကောင်မလေးရှာနိုင်ရန် ကူညီမိတ်ဆက်ပေးဖို့ စောင့်နေသည်။
ဒီလိုနှင့် ကျန်းဖျင်တစ်ယောက် အကြိုးစားလွန်ကာ တအားသောက်မိသွားတော့သည်။ ယန်ယန့်အတွက်တော့ ပြောစရာစကားမဲ့နေရလေပြီ။
ကောင်မလေးများကတော့ သီချင်းဆိုရင်း ခုန်ပေါက်နေကြသည်။
နောက်တော့ သူကျန်းဖျင်အတွက် taxi တစ်စီးငှားကာ ကျောင်းကိုအရင် လိုက်ပို့ပေးသည်။
ယန်ယန်သည် ဒုတိယမျိုးဆက်သူဌေးသားဖြစ်သော်လည်း မောက်မာထောင်လွှားစွာ မနေထိုင်ပေ။
ကားရှိသော်လည်း ဘယ်တော့မှကျောင်းကို မောင်းလာလေ့မရှိဘဲ mobile app ကနေသာ ကားတစ်စီးငှားလေ့ရှိသည်။
သူသည် သူ့ကိုသွားဖြီးပြကာ ထပ်သောက်ခွင့်ပေးရန် တောင်းပန်နေသော ကျန်းဖျင်ကို ပုတ်လိုက်သည်။
ကျန်းဖျင်သည် သူ့ညီအစ်ကိုကို ရီဝေဝေဖြင့်ကြည့်လိုက်သည်။ ထို့နောက် စိတ်ကိုလျှော့ချပြီး သူ့ကို ဟော့ပေါ့ဆိုင်အပြင်သို့ ပြန်ခေါ်သွားခွင့်ပြုလိုက်သည်။

DU LIEST GERADE
စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင္ဂယ္လ္ေခြး အဆံုးသတ္စနစ္] Mm Translation
RomantikDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...