(Unicode)
Chapter (70.1)–မကယ်သင့်သူကိုကယ်တင်မိခြင်း
"ကယ်... ကယ်ကြပါဦး... တံခါးဖွင့်ပါ..."
တံခါးခေါက်သံသည် ပုံမှန်ထက် ပိုမြန်နေခဲ့သည်။
ချင်းလောင်နှင့် အခြားသူများ အချင်းချင်း ကြည့်လိုက်ကြသည်။ လင်လျန်တစ်ယောက် အင်္ကျီလှန်းသည့်ချိတ်ကို ကိုင်ပြီးအသင့်စောင့်နေစဉ် ချင်းလောင်က တံခါးဆီလျှောက်သွားလေသည်။
ချင်းလောင်သည် တစ်စုံတစ်ယောက်ထံမှ ထပ်မံ၍ တံခါးခေါက်ခံရချိန်၌ တံခါးလက်ကိုင်ဘုကိုလှည့်ကာ အသာလေးချောင်းကြည့် စစ်ဆေးလိုက်သည်။
ထိုပုံစံနှင့် ဆက်ပြီးကြာကြာမကြည့်နိုင်ခင်မှာပဲ တံခါးရွက်နှင့် သူ့လက်မောင်းကို တိုက်ရိုက်အတိုက်ခံလိုက်ရပြီး အဲဒါကြောင့်ပဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသွားလေသည်။
အထဲသို့ အပြေးအလွှား ၀င်ရောက်လာသူမှာ နဖူး၌ ချွေးများစိုရွှဲနေလေသည်။ သူသည် ၀င်လာပြီးသည်နှင့် တံခါးကို ချက်ချင်းပိတ်လိုက်လေသည်။
လင်လျန်သည် ယွီချောင်ကို မျက်စိဖြင့်အချက်ပြပြီးနောက် အင်္ကျီလှန်းသည့်ချိတ်ကို ပေးလိုက်ပြီး သူကတော့ ချင်းလောင်ကို ကြည့်ရန်သွားလေသည်။
ချင်းလောင်တစ်ယောက် သူ့အင်္ကျီလက်ကို လိပ်လိုက်သည်။ သူ့လက်မောင်းအရေပြားမှာ သွေးပင်ထွက်နေလေပြီ။
လင်လျန်၏မျက်နှာသည် ရုတ်တရက်ပင် အေးစက်မှုဆီ ကူးပြောင်းသွားလေပြီ။
၀င်ရောက်လာသူသည် တံခါးကိုမှီလျက် သက်ပြင်းလျကာ အမောဖြေသည်။ အဲဒီ့နောက် သူဟာ လင်လျန်၏ စောင့်ကြပ်ကြည့်ရှုလိုသော အကြည့်ကို လက်ခံရရှိလိုက်သည်။
သူ့လက်မောင်းသူ အုပ်ကိုင်ထားသော ချင်းလောင်ကို ကြည့်လ်ိုက်ပြီး တောင်းတောင်းပန်ပန်ပြောလိုက်သည်။
"ငါတောင်းပန်ပါတယ်။ တမင်လုပ်တာမဟုတ်ပါဘူး။ တောင်းပန်ပါတယ်။ ငါ့ကိုကယ်ဖို့ တံခါးဖွင့်ပေးလို့ ကျေးဇူးတင်ပါတယ်"
တစ်စုံတစ်ယောက်ကို ကူညီပေးရန်ကြိုးစားချိန်မှာ မတော်တဆ ဒဏ်ရာရတာကြောင့် ချင်းလောင်စိတ်ပျက်လက်ပျက်ဖြစ်နေသော်လည်း သူက ကိစ္စတွေကို အဲဒီ့လောက် အာရုံစိုက်နေမည့်သူမျိုး မဟုတ်ပေ။

YOU ARE READING
စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင္ဂယ္လ္ေခြး အဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...