295 57 6
(Unicode)
Chapter (65.1)–မင်း... အကျင့်မကောင်းတဲ့ကောင်...
ဆောင်းဦးရာသီ၏ နံနက်ခင်းနေရောင်ခြည်က ရွှေရောင်သမ်းနေပြီး ရာသီဥတုလိုပင် သီးနှံများရင့်မှည့်ချိန် ပျော်ရွှင်ခြင်းသင်္ကေတကို ဖော်ပြနေသည်။
နေရောင်ခြည်သည် ပြတင်းတံခါးမှန်မှတစ်ဆင့် ထိုးဖောက်၀င်ရောက်ကာ လင်လျန်၏ ဘေးတစောင်းအိပ်နေသော ကိုယ်ပေါ်သို့ ကျရောက်လာသည်။
အလင်းရောင် စူးရှတာကြောင့် လင်လျန်မျက်မှောင်ကြုပ်သွားပြီး မျက်လုံးမဖွင့်ခင် မသိစိတ်၏ စေစားရာအတိုင်း နေရောင်ကို လက်ဖြင့်ကာလိုက်သည်။
— ခေါင်းကိုက်လိုက်တာ...
ဒါဟာ အရက်မူးပြီး အိပ်ပျော်ရာမှ နိုးလာသူများ ဖြစ်နေကျပင်။
— နောက်ကျောက နာလိုက်တာ။ အအိပ်ကြမ်းတမ်းသွားလို့ ပုံစံမကျတဲ့အနေအထားနဲ့ အိပ်ပျော်နေခဲ့တာကြောင့်များလား။
လင်လျန် ဘေးကို လှည့်ကြည့်လိုက်ရာ သူ့ပေါင်က ချောမွေ့နူးညံ့သော်လည်း ပူနေဆဲဖြစ်သည့် တစ်စုံတစ်ရာနှင့် ပွတ်တိုက်မိသွားလေသည်။ သူထိတွေ့လိုက်သည်။
— ကျုံ့နိုင်၊ ဆန့်နိုင်စွမ်း အရမ်းကောင်းနေတုန်းပဲ။
ထိုစဉ် သူ့လက်ဖဝါးပေါ်မှ နူးညံ့မှုကို ခံစားလိုက်မိသည်။ ဒါက...
လင်လျန် ရုတ်တရက် နိုးသွားလေသည်။ သူကြီးပြင်းလာခဲ့သည့်တစ်လျှောက် ဘယ်တုန်းကမှ ဒီလောက်အထိ မအံ့ဩခဲ့ဖူးပေ။
သို့သော် အခုတော့ သူ့ရှေ့မှမြင်ကွင်းကို မြင်ပြီးနောက် သူ့မျက်နှာသည် တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲသွားလေသည်။
ချင်းလောင်သည် သူ့အိပ်ရာပေါ်တွင် အိပ်ပျော်နေပြီး စောင်ဖြင့် ဖုံးကွယ်ထားခြင်းမရှိသည့် ငန်းလိုဖြူသော လည်တိုင်ကျော့ကျော့သည် အမှတ်များဖြင့် ဖုံးလွှမ်းခံထားရလေသည်။
ဒါတွေဟာ လတ်လတ်ဆတ်ဆတ်ကြီးဖြစ်ပြီး ညာဘက်ပခုံးထက်၌ သွေးနီရောင် တောက်ပနေသည့် သွားရာလည်း ရှိသည်။
ပြီးတော့... အ၀တ်မကပ်သည့် သူ့ကိုယ်နှင့် နောက်ကျောဘက်က နာကျင်မှုကို ထည့်ပေါင်းလိုက်ရာ လွန်ခဲ့သောညက မှတ်ဉာဏ်အပိုင်းအစများ ပြန်ပေါ်လာလေသည်။
— ညတုန်းက သူချင်းလောင်ကို ပွေ့ဖက်ပြီး သဲကြီးမဲကြီးနမ်းခဲ့တယ်။
စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင်ဂယ်လ်ခွေး အဆုံးသတ်စနစ်] Mm TranslationTempat cerita menjadi hidup. Temukan sekarang