(Unicode)
Arc 4 – Warm Corpse
(ရှင်သန်နေဆဲ အလောင်းကောင်)Chapter (63.1)–အလှပန်းလေးနှင့်ကျောင်းမြက်ခင်းလေးနှစ်ယောက်
"ချင်းလောင်..."
အသံတစ်သံက ခပ်လှမ်းလှမ်းမှ ထွက်ပေါ်လာသော်လည်း ချင်းလောင်၏ ဘေးပတ်၀န်းကျင်တွင် ဆူညံသံအချို့ရှိနေသောကြောင့် သူမကြားနိုင်ပေ။
"ချင်းလောင်..."
အသံကနီးကပ်လာလေလေ အနည်းငယ် နားမကွဲမတတ် ဆူညံလာလေလေပင်။
"အာ... စီနီယာအစ်မပါလား..."
ချင်းလောင် မတ်မတ်ထိုင်ကာ မျက်တောင်ခတ်လိုက်သည်။ ကုတင်ပေါ်တွင် လဲလျောင်းနေတာမဟုတ်သော အချိန်မျိုး၌ ကမ္ဘာသစ်၏ မြင်ကွင်းကို သူ အသုံးမချနိုင်ပါ။
"ဘာတွေ တွေဝေငေးမောနေတာတုန်းဟဲ့"
ကောင်မလေးသည် ဒေါသပေါက်ကွဲနေသည့်နှယ် ခါးထောက်ထားလေသည်။
"နင့်အလှည့်ရောက်ပြီ။ စင်ပေါ်မြန်မြန်တက်တော့လေ..."
ချင်းလောင်သည် စူးစူးဝါးဝါး အော်ဟစ်ခံလိုက်ရသော သူ့နားရွက်ကိုပွတ်ရင်း ခုံမှထရပ်လိုက်သည်။
ပတ်၀န်းကျင်ကို ခဏလောက် ဝေ့၀ဲကြည့်လိုက်ပြီးနောက် သူ့အလှည့်ရောက်ပြီဆိုတာ ဘာကိုဆိုလိုမှန်း နားလည်လိုက်သည်။
ချင်းလောင် မတ်မတ်ရပ်လိုက်ပြီး တွန့်ကြေနေသော အနက်ရောင် ရှပ်အင်္ကျီကို ပြန့်ပြူးစေလိုက်သည်။ ထို့နောက် စင်အနောက်ဘက်တွင် အသုံးပြုရန်ထားပေးသော မှန်ရှေ့၌ရပ်ကာ အပေါ်ဘက် ကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်သည်။
"....…"
ထိုမိန်းကလေး ရုတ်တရက် ပြောစရာစကား ကင်းမဲ့သွားရသည်။ ချင်းလောင်ကတော့ ပြုံးပြလိုက်ပါသည်။
"အစ်မ... microphone ရော..."
"အိုး..."
ချင်းလောင်၏ စက္ကန့်ပိုင်းအတွင်း နတ်ဘုရားဖြစ်လာခြင်းအပေါ် ရှော့ခ်ရနေသည့် ဟယ်ချင်းတစ်ယောက် သတိ၀င်လာပြီး microphone ကို သူ့ဆီ အမြန်ပေးကာ စင်ပေါ်မှာ သူမ၏ပါတနာရှိကြောင်း လက်ဟန်ခြေဟန် ပြလိုက်သည်။

ESTÁS LEYENDO
စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင္ဂယ္လ္ေခြး အဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...