Arc 3 - story of the little coward who contracted a ghost (45.2)

665 73 14
                                    

(Unicode)

Arc 3 - story of the little coward who contracted a ghost (45.2)

(သရဲတစ်ကောင်နဲ့ စာချုပ်ချုပ်ခဲ့တဲ့ သရဲကြောက်တဲ့ကောင်ကလေး)

Chapter (45.2)-နတ်ဆိုးသခင်ကြီးနဲ့ စုံတွဲတွေဖြစ်ရတော့မှာ

ချင်းလောင်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်သွားသည်။ သရဲတစ်ကောင်ဖြစ်ရုံသာမက အလွန်ပြင်းထန်သော စွမ်းအားများရှိသည့် ရက်စက်ကြမ်းကြုတ်သော သရဲတစ်ကောင်ဖြစ်သည်။

- ဒါက နှစ်ရာပေါင်း၊ ထောင်ပေါင်းများစွာ တည်ရှိနေခဲ့တာကြောင့်လား ဒါမှမဟုတ် ငယ်စဉ်ကတည်းက လျှို့ဝှက်ပူးပေါင်းကြံစည်မှုတွေနှင့် လိမ်လည်လှည့်ဖျားမှုတွေအပြည့်ရှိနေသည့် နေရာမျိုးမှာ နေခဲ့ရပြီး လူတိုင်းဆီက သစ္စာဖောက်ခြင်း၊ လက်စားချေခြင်းတွေကို ခံစားခဲ့ရပြီး တစ်ကြိမ်တစ်ခါလေး သဘောထားမတိုက်ဆိုင်ရုံဖြင့် အသတ်ခံခဲ့ရတာကြောင့်လားဆိုတာတော့ သူမသိပါ။

ဒီကမ္ဘာကလည်း ၀တ္တုတစ်ပုဒ်ဖြစ်ပြီး အမည်ကတော့ 'ငါ့ရဲ့နေရောင်ခြည်လေး' ‌ဖြစ်သည်။ ခေါင်းစဉ်က အလွန်တိုတောင်းကာ လတ်ဆတ်နေသည်။

အကြောင်းအရာတွေကလည်း ‌နွေးထွေးကာ ပြန်လည်ကုစားခြင်းတွေပါ၀င်ပေမဲ့ နောက်ခံကတော့ သဘာ၀လွန်ဖြစ်သည်။

ဒီတစ်ကြိမ်မှာတော့ ချင်းလောင်က အဓိကဇာတ်လိုက် shou ဖြစ်ကာ mild social phobia ရောဂါ ခံစားနေရသည့် ကောင်လေးတစ်ယောက်ဖြစ်သည်။

သူ့ရဲ့ကိုယ်လုံးကိုယ်ပေါက်က အလွန်ကောင်းမွန်ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ ခြုံလွှမ်းနေသည့် ယင်ဓာတ်တွေက အတော်လေးများပြားလှသည်။

သူ့သွေးက ခန္ဓာကိုယ်ထက်ပင် ပိုပြီးကောင်းနေသေးသည်။ သူ့သွေးက သရဲတစ္ဆေတွေကို စွမ်းအားကြီးလာစေနိုင်သလို သူတို့ကိုလည်း ဆင့်ခေါ်နိုင်သည်။

သွေးတစ်စက်ကပင် သူတို့ကို ရန်လိုကြမ်းကြုပ်လာစေပြီး ပိုပြီးသန်မာလာစေနိုင်သည်။

သူ့ရဲ့ သွေးနှင့် ယင်ဓာတ်လွန်ကဲသောခန္ဓာကိုယ်... ထိုနှစ်မျိုးကြောင့် သူ့ရဲ့တည်ရှိမှုက 'ထန်ကိုယ်တော်၏အသား' လိုဖြစ်ကာ သူတို့ရဲ့ဖြစ်တည်မှုကို ထိန်းချုပ်ထားသလို ဖြစ်နေတော့သည်။

စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင်ဂယ်လ်ခွေး အဆုံးသတ်စနစ်] Mm TranslationDonde viven las historias. Descúbrelo ahora