326 61 12
(Unicode)
Chapter (59.1)–မင်းပုံကို ငါတစ်ယောက်တည်းပဲဆွဲမှာ
ချင်းလောင်သည် သူပြောသည့်အတိုင်းဆွဲပြီး အတန်းထဲက အတင်းအဖျင်းတွေကို လုံး၀လျစ်လျူရှုထားသည်။
လုယွမ်ကမူ ပြတင်းပေါက်ကိုမှီလျက် ချင်းလောင်ကို ပြုံးကာကြည့်နေသည်။ သူ့ရဲ့ ရှည်လျားသောအရပ်က နေရောင်တစ်ချို့ကို ကွယ်နေသည်။
နောက်ခံအလင်းရောင် ပေးသည့်အောက်၌ သူ့အသားအရည်က အဖြူရောင်ကြွေထည်တစ်ခုလို အေးစက်သည့်အသွင်ကိုပေးနေသည်။
သို့သော်လည်း သူ့မျက်ဝန်းထဲကနူးညံ့မှုကတော့ လူတွေကို နစ်မြုပ်သွားချင်လောက်အောင် ဆန္ဒရှိလာစေသည်။
ချင်းလောင်နှင့်လိုက်လာသည့် ဒီလိုမျိုး ခန့်ညားလှပသည့် မော်ဒယ်ကြောင့် တခြားသူတွေလည်း ဆွဲချင်လာသည်။
face-con girl များမှာ စတင်၍ပင် လှုပ်ရှားနေကြလေပြီ။
သူမတို့သည် စုတ်တံကိုကိုင်လျက် ပုံဆွဲစာရွက်ပေါ်တွင် လုယွမ်၏ ကောက်ကြောင်းပုံကို ဆွဲနေလေပြီ။
သူတို့သည် "မင်းပုံကို ငါတစ်ယောက်တည်းပဲဆွဲမှာ" ဟူသည့် ချင်းလောင်၏ ပိုင်ဆိုင်လိုစိတ်ပြင်းပြသော လေသံကို အတည်မယူတာ သိသာလှသည်။
သူတို့သည် သူတို့၏ 2B ရော 8B ခဲတံတွေပါ သုံးသော်လည်း နှစ်မိနစ်ကြာသည်အထိ စာရွက်ပေါ်၌ မည်သည့်ခဲမျဉ်းမှ မပေါ်လာကြောင်း သဘောမပေါက်ကြပေ။
လုယွမ်နှင့် အနည်းငယ်နီးသည့်နေရာမှ ကောင်မလေးများထဲက တစ်ယောက်မှာ လက်တွေတုန်လာကာ ချွေးအေးများထွက်လာသည်။
သူမသည် ခဲတံတိုင်း၊ စုတ်တံတိုင်းကို သုံးခဲ့သော်လည်း စာရွက်ပေါ်တွင် မဆွဲနိုင်ဖြစ်နေဆဲပင်။
သူမသည် အလွန်ညိုမည်းနေသော ခဲတံကိုရွေးကာ ချင်းလောင်ကို ထပ်မကြည့်တော့ဘဲ သာမန်ကာလျှံကာ ဆွဲလိုက်သည်။
ခန့်မှန်းထားသလိုပဲ မျဉ်းကြောင်းပေါ်လာသည်။ အဲဒီနောက်တော့ချင်းလောင်၏ ကောင်လေးပုံကို သူမ ထပ်ပြီးမဆွဲရဲတော့ပါ။
သူမထရပ်လိုက်ပြီးနောက် ချင်းလောင်နှင့်နီးသည့် သူမ၏ သူငယ်ချင်းကောင်းပေါ်သို့ လဲကျသွားသည်။
စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင်ဂယ်လ်ခွေး အဆုံးသတ်စနစ်] Mm TranslationTempat cerita menjadi hidup. Temukan sekarang