(69.1)လင်လျန်လည်းငါ့ကိုသဘောကျနေတာများလား/လင်လျန်လည်းငါ့ကိုသဘောကျနေတာများလား

339 56 12
                                    

(Unicode)

Chapter (69.1)–လင်လျန်လည်းငါ့ကိုသဘောကျနေတာများလား

ချင်းလောင်က လူနာတစ်ယောက်ဖြစ်သည်။ အဖျားကျသွားပြီဆိုသော်လည်း ဒါပေါ့... တခြားသူ‌တွေနှင့် ကျပ်သိပ်စွာအိပ်ရန် အဆင်မပြေနိုင်ပေ။

ရှောင်ဖေးနှင့် ကျန်း‌မော့တို့က လူကောင်မကြီးသော်လည်း ယွီချောင်ကတော့ အနည်းငယ်ထွားသည်။

ထိုသုံးယောက် အတူတူအိပ်ကာ စောင်တစ်ထည်ကို မျှခြုံကြလိမ့်မည်ဖြစ်သော်လည်း အိပ်စက်နိုင်ရုံမျှသာ။
 
သူတို့အားလုံး သန့်ရှင်းပြီးနောက် ဖိနပ်တွေချွတ်၊ ဂျာကင်တွေချွတ်ကာ အိပ်ရာထက်မှာ လှဲကြသည်။ ထိုစဉ် ရုတ်တရက် ကျန်းမော့က အားနည်းဖျော့တော့စွာ ပြောလာသည်။

"အဆောင်ထဲက ကုတင်တွေက ရွှေ့လို့ရတဲ့ပုံပဲ..."

လင်ချန်၏ အသက်ရှူသံ တစ်စက္ကန့်လောက် ရပ်တန့်သွားသည်ဟု ချင်းလောင်ခံစားမိလိုက်သည်။

ယွီချောင်ကတော့ သမ်းဝေကာ ပြောသည်။

"ထားလိုက်တော့။ ငါလှုပ်ရမှာ ပျင်းနေပြီ။ တစ်နေ့လုံး စိတ်ပင်ပန်းထားတော့ တအားပင်ပန်းနေပြီ။ ဒီအတိုင်းပဲ အိပ်ရအောင်..."

"ဟုတ်တယ်... အစ်ကိုလောင်လည်း မနေ့ကတည်းက ဖျားနေတာ။ သူအိပ်‌ပျော်ဖို့ကြိုစားနေတုန်း မထသင့်တော့ဘူး။ အိပ်ပါစေ။ ထလိုက်၊ ထိုင်လိုက်၊ စောင်လှပ်လိုက်ဆို အဖျားပြန်တက်လာလိမ့်မယ်"

ရှောင်ဖေး သမ်းဝေရင်းပြောသည်။ ချင်းလောင် ပြန်မပြောပေမဲ့ လင်လျန်မေးလာသည်။

"မင်း... မီးပိတ်ချင်လား..."

လူများစွာ တစ်ပြိုင်တည်းဖြေလာသည်။

"မပိတ်နဲ့..."

ထို 'မပိတ်နဲ့' ဟုသောအသံသည် ဇာတ်တိုက်ထားသလို တူညီနေတာကြောင့် လူတိုင်း တောင့်တင်းသွားကြသည်။

ရှောင်ဖေးနှင့် ကျန်းမော့တို့ ငြင်းသည်မှာ ကြောက်လို့ဖြစ်ပြီး ယွီချောင်ငြင်းတာကတော့ အမှောင်ထုထဲ၌ မည်သည့် ထူးခြားကိစ္စမျိုးမဆို ဖြစ်ပျက်ခြင်းမှ ရှောင်ကြဉ်ရန်ဖြစ်သည်။

စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင်ဂယ်လ်ခွေး အဆုံးသတ်စနစ်] Mm TranslationTempat cerita menjadi hidup. Temukan sekarang