(57.2)gong အိုကြီးရဲ့ အထူးကုသနည်း/gong အိုႀကီးရဲ႕ အထူးကုသနည္း

343 58 19
                                    

(Unicode)

Chapter (57.2)–gong အိုကြီးရဲ့ အထူးကုသနည်း

လုယွမ်သည် ချင်းလောင်ကို ပွေ့ဖက်လိုက်ပြီး လက်ချောင်းများကို ချင်းလောင်၏ ဆံစများကြား အသာလေးထိုးသွင်းကာ ပွတ်သပ်ချော့မြှူလိုက်ပြီး ဒီခံစားချက်က ချင်းလောင်ကို အလွန်သက်တောင့်သက်သာ ဖြစ်‌စေသည်။

ချင်းလောင်သည် လုယွမ်၏ရင်ဘတ်ဆိ တဖန်ပြန်မှီလိုက်ပြီး အတော်လေးမောဟိုက်နေရှာသည်။

သူ့လက်များက လုယွမ်၏ ရှပ်အင်္ကျီကို တင်းကျပ်စွာကိုင်ထားပြီး တုန်ရီနေလေသည်။

လုယွမ်သည် သူ့မျက်နှာကို ထိတွေ့လိုက်ပြီး နဖူးပြင်လေးကို ထပ်ကာထပ်ကာ နမ်းရှိုက်သည်။ တုန်ယင်နေသည့် နောက်ကျောလေးကို လက်ဖဝါးပြင်ကြီးဖြင့် ပွတ်သပ်ပေးရင်း လေသံနိမ့်လေးဖြင့် ပြောလိုက်သည်။

"အားလုံးကို ကိုယ်နဲ့လွှဲထားလိုက်ပါ။ ကိုယ့်ကိုယုံကြည်ပါ။ မကြောက်ပါနဲ့"

ဒီကာလလေးမှာ လုယွမ်၏အသံဟာ အလွန်နား၀င်ချိုနေပြီး နွေဦးစမ်းရေလေး စီးဆင်းသွားသလိုပင်။

ချင်းလောင်၏ ခံစားချက်များသည် တဖြည်းဖြည်းချင်း အနည်ထိုင်သွားပြီး အသံနိမ့်လေးဖြင့် ပြန်ဖြေလိုက်သည်။

သူသည် လုယွမ်ကို သူ့အားရဲတင်းစွာ ဆုပ်ကိုင်ထားပြီး အိပ်ရာပေါ် တဖြည်းဖြည်း လှဲချသည်အား ခွင့်ပြုထားလေသည်။

ချင်းလောင်သည် လုယွမ်တစ်ယောက် သူ့သဘာဝအရ သူ့အပေါ် စိတ်တိုင်းကျ အနိုင်ကျင့်လိမ့်မည်ဟု တွေးထင်ခဲ့သည်။

မည်သို့ဆိုစေ ချင်းလောင်က သူနှစ်သက်‌သော အရသာမျိုးလေးမို့ သူ့ရဲ့ မူလရည်ရွယ်ချက်ကလည်း သူ့ကို စား(*ex) ချင်တာပင်။

သို့သော်အံ့အားသင့်ဖို့ ကောင်းတာက သူဟာ ချင်းလောင်အပေါ်မှာ သူ မကြမ်းတမ်းရက်ဘဲ ပျော်ရွှင်စေချင်တာဖြစ်သည်။

ချင်းလောင်ကို သက်တောင့်သက်သာဖြစ်စေချင်သည်။ သူ့ကို ထွေးပွေ့ထားချင်သည်။ ချင်းလောင်ကို သူ့ကို တကယ်ပြန်ချစ်လာစေချင်သည်။

စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင်ဂယ်လ်ခွေး အဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now