(58.1)public မှာ ခွေးစာကြဲမယ်/public မွာ ေခြးစာႀကဲမယ္

331 59 5
                                    

(Unicode)

Chapter (58.1)–public မှာ ခွေးစာကြဲမယ်

လုယွမ်နှင့် ချိုမြိန်သော ပိတ်ရက်ကို ဖြတ်သန်းပြီးနောက် တနင်္လာနေ့မှာ ချင်းလောင်၏ စရိုက်က ပြောင်းလဲသွားလေသည်။

သူသည် ရေချိုးခန်းထဲက မှန်ရှေ့တွင်ရပ်ကာ လည်ပင်းမှ စတော်ဘယ်ရီလို အမှတ်များကို ကြည့်လိုက်ပြီး စိတ်ထဲဗလာကျင်းသွားသည်။ ထို့နောက် ဆွယ်တာကို ဆွဲတင်ကာဖုံးလိုက်သည်။

သူဘာတွေ တွေးနေလဲဆိုတာ မသိနိုင်သော်လည်း သွားတိုက်ချိန်မှာ စိတ်ရှုပ်ထွေးနေလေရာ သွားပွတ်တံပေါ် သွားတိုက်ဆေး ညှစ်ထည့်ရန် မေ့သွားလေသည်။

အချိန်အတော်ကြာအောင် သူပွတ်တိုက်နေပြီး နောက်ဆုံးကျမှ ပါးစပ်ထဲ ဘယ်အရသာမှ မခံမိကြောင်း သတိ၀င်လာသည်။

လုယွမ်က တံခါးအပြင်ကနေ ကြည့်နေသည်။ နှစ်မိနစ်ကြာအောင် စောင့်နေပြီးသည်အထိ ချင်းလောင်က ထွက်မလာသေးပေ။

သူစောင့်မနေနိုင်တော့ဘဲ အထဲကို၀င်သွားလိုက်သည်။ ချင်းလောင်၏ မိန်းမောနေသော ပုံစံကို သူမြင်တော့ ရယ်ချင်စရာလေးဟု သူတွေးလိုက်သည်။

လုယွမ်သည် ချင်းလောင်၏ခါးလေးကို အနောက်မှ သိုင်းဖက်လိုက်ပြီး ပူနွေးနေပြီးသားဖြစ်သော နားရွက်လေးကို တရင်းတနှီးနမ်းလိုက်သည်။

"မယုံနိုင်သေးဘူး ဖြစ်နေတာလား"

"ငါ... ငါ... တစ်ကယ်ပဲ မင်းနဲ့... မင်းနဲ့... ဟို... မင်းကအခု ငါ့ကောင်လေး ဖြစ်သွားတာလား"

ချင်းလောင်သည် မှန်မှတစ်ဆင့် သူ့ပခုံးပေါ် ခေါင်းတင်ကာ သူ့နားရွက်ကို ရန်ရှာနေသော လုယွမ်ကို ကြည့်လိုက်သည်။

နီရဲနေသော သူ့မျက်နှာပေါ်မှာတော့ စိတ်ရှုပ်ထွေးမှုလေး ရှိနေသည်။

"မင်း တစ်ကယ်ပဲ ဘာမှ မမှတ်မိဘူးလား"

လုယွမ် မသိမသာလေး မျက်မှောင်ကြုပ်လိုက်သည်။ အနည်းငယ် ရှက်သွေးဖြန်းနေသကဲ့သို့ အကူအညီမဲ့စွာပင် သက်ပြင်းချမိသည်။

ချင်းလောင်၏ ပခုံးကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်လိုက်ပြီး သူ့ဘက်ကိုလှည့်စေကာ မျက်နှာချင်းဆိုင်လိုက်သည်။

စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင်ဂယ်လ်ခွေး အဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now