(Unicode)
လေပြည် - ဖုတ်ကောင်လို့ပဲ ဆက်သုံးရမလား။ ဇွန်ဘီလို့ဖတ်ရတာ သဘောကျလား ဖြေခဲ့ပေးဦးနော်...
----------------
Chapter (68.2)-ခွေးစာတွေကမျက်လုံးကိုစပ်စေတယ်
"ငါအပေါ်ကိုပစ်တင်လိုက်မယ်။ မိအောင်ဖမ်း..."
လင်လျန်သည် ညာဘက်လက်ကို လှုပ်ကာ network cable ကြိုးကို အကြိမ်ရေများစွာ ဝှေ့ယမ်းပြီးနောက် ချင်းလောင်ရှိရာအထပ်၏ လသာဆောင်ဆီ ပစ်လိုက်သည်။
"မင်းခိုင်အောင်ချည်ပြီးရင် အသံပေးဦး။ ပြန်တက်ခဲ့မလို့"
သူပြောပြီးသည်နှင့် အခန်းထဲက ကျန်နှစ်ဦးကိုလည်း ပြောလိုက်သည်။
"အပေါ်ထပ်မှာ စားစရာရှိတယ်။ ငါတက်သွားပြီးရင် ယွီချောင်တက်ခဲ့။ ပြီးရင် ငါတို့နှစ်ယောက် မင်းကိုဆွဲတင်ကြမယ်"
"ဝူး...... ကျေးဇူးတင်ပါတယ်"
လူငယ်၏မျက်လုံးများ၌ မျက်ရည်တွေဝဲလာပြန်သည်။
လင်လျန်သည် သူဆက်ပြောမည်ကို လက်ကာကာ ရပ်တန့်စေပြီးချင်းလောင်နှင့်ဘအခြားသူတွေကိုစောင့်ရန် လသာဆောင်ဆီ လျှောက်သွားသည်။
ချင်းလောင်သည် ကြိုးကိုချည်ပြီးကြောင်း၊ တက်လို့ရပြီဖြစ်ကြောင်း သင်္ကေတပြလိုက်သည်။
အဓိကဇာတ်လိုက်၏ ကာယခွန်အားကို လျှော့တွက်လို့မရပါချေ။လင်လျန်သည် ကြိုးကိုကိုင်ပြီးသည်နှင့် သူ၏သန်မာသော လက်မောင်းနှစ်ဖက်ကိုသုံးကာ ထူထဲခြင်းမရှိသည့် network cable ကြိုးကို အားယူကာ လေးလွှာဆီ အမြန်တက်သွားလေသည်။
အဲဒီ့နောက် ယွီချောင်နှင့် ကောင်လေးတို့ အပေါ်ကို အသီးသီး လုံခြုံစွာ ရောက်လာကြသည်။
ဆည်းဆာနေရောင် တဖြည်းဖြည်း ပျောက်ကွယ်လာသည်နှင့်အမျှ အလင်းရောင်ကလည်း မှုန်မှိုင်းလာသည်။
သူတို့သည် ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ပြီးနောက် ပထမဆုံးညကို စတင်ကြုံဆုံရလေပြီ။အိပ်ဆောင် အဆောက်အဦများတွင် အစားအသောက်နံ့များ တဖန်ပြန်၍ ထွက်ပေါ်လာသည်။

VOCÊ ESTÁ LENDO
စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင္ဂယ္လ္ေခြး အဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...