(Unicode)
Chapter (77.1)–သေခြင်းရှင်ခြင်းအစွန်းနှစ်ဖက်ကြား
"သူနဲ့တန်တယ်..."
အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည့် system သည် ၀မ်လိန်ပြုတ်ကျသွားချိန်၌ မနေနိုင်တော့ဘဲ စကားပြောလာတော့သည်။
ချင်းလောင် : "အမ်း... အဲဒီ့မိန်းကလေးအတွက်တော့ စိတ်မကောင်းဘူး။ ဒီအချိန်မှာ ဇာတ်ကြောင်းက မူလနဲ့ နည်းနည်းကွဲလာပြီ"
system လေးသက်ပြင်းချသည်။
"ဒါက ရှောင်လွှဲမရနိုင်ဘူး။ မူလဇာတ်ကြောင်းမှာ သူမက အစောပိုင်းကတည်းက သေသွားခဲ့တာ။ အိပ်ဆောင်တွေကနေ လွတ်မြောက်နိုင်တဲ့ နည်းလမ်းကို မင်းတို့ဖန်တီးခဲ့ကြတာက မူလဇာတ်ကြောင်းနဲ့ နည်းနည်း သွေဖယ်လာစေတာပဲ။ သဘာ၀ကျကျပဲ နေရာတစ်ချို့ ပြောင်းလဲသွားတာပေါ့"
ချင်းလောင် ပြန်လည်တုံ့ပြန်ရင်း မေးလိုက်သည်။
"လင်လျန် နိုးထနေပြီလား"
(*ဒီနေရာမှာ အိပ်ရာနိုးတာမျိုးမဟုတ်ဘဲ စွမ်းရည်နိုးထတာကို ပြောတာပါ)
system ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။
"မင်းတို့နှစ်ယောက်က ရေကန်မှာ နမ်းတောင် နမ်းပြီးသွားကြပြီပဲကို..."
ချင်းလောင် အံ့အားသင့်သွားသည်။
"ခိုင်မာတဲ့ ယုံကြည်မှု၊ ကြီးမားတဲ့ခံစားချက်နဲ့အတူ သေခြင်းရှင်ခြင်း အစွန်းနှစ်ဖက်ကြား ရုန်းကန်ရချိန်မှာပဲ နိုးထနိုင်တယ်ဆိုတာ ထည့်ပြောနေဖို့တောင် မလိုဘူးမလား။ ဒါက အနမ်းလေးတစ်ခုပဲလေ... အိုး... ငါသိပြီ။ သူငါ့ကိုနမ်းနေတုန်းက သူအရမ်းစိတ်လှုပ်ရှားနေတာပဲ ဖြစ်ရမယ်"
"......"
— မျက်နှာ ဘယ်ရောက်သွားတာလဲ။ (မျက်နှာအရေထူလို့ မမြင်ရတော့ဘူး)
တစ်စက္ကန့်လောက် suicide လုပ်ပြီးနောက် system လေး ပြောလာသည်။
"ခန့်မှန်းရမယ်ဆိုရင် မင်းကိုကယ်တင်နိုင်မှ ဖြစ်မယ်ဆိုတဲ့ သူ့ရဲ့စိတ်ယုံကြည်မှုက သူ့ကိုသန်မာစေတာပဲ။ ဒီတော့ သူနိုးထသွားပြီး မင်းကိုနမ်းမိပြီးတော့... ဟီးဟီးဟီး..."

YOU ARE READING
စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင္ဂယ္လ္ေခြး အဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...