(Unicode)
Chapter (62.1)–ဒီခွေးစာက ရိုးအီနေပါပြီ
အရာရှိချန် ခြေလှမ်းချချခြင်းပဲ ဖုန်တွေရှင်းသွားရာ သူ့အမူအရာမှာ ထုံထိုင်းသွားတော့သည်။
အဆောင်စာရွက်တစ်ခုသုံးကာ စတိုခန်းတစ်ခုကို ဖြိုခွဲခြင်း၊ မကောင်းဆိုးရွား ဝိဉာဉ်တစ်ခုကို လက်ဗလာနှင့် ချေမှုန်းခြင်းအပြင် ဒီလို အန္တရာယ်ကင်းသည့် သန့်ရှင်းရေးအဆောင်ကိုပါ မြင်လိုက်ရသည့်အခါမှာတော့ သူ့နှလုံးသားလေး ငြိမ်သက်သွားလေပြီ။
လုယွမ်၏အိတ်ကပ်ထဲက ချင်းလောင်ရဲ့ လက်ကတော့ လုယွမ်၏လက်တွေနှင့် တွဲလျက် ရှိနေဆဲပင်။ ရဲအရာရှိ နှစ်ယောက်သည် ရှေ့မှ လျှောက်လာခဲ့ပြီး ချင်းလောင်နှင့် လုယွမ်က အနောက်မှ လျှောက်လာသည်။
ချင်းလောင်သည် သစ်သားလှေကားထစ်ပေါ် နင်းဖြတ်ရင်း ရုတ်တရက် သူ့ gong အိုကြီးနားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။
"ဒီနေရာမှာ ယင်စွမ်းအင် စုစည်းပေးတဲ့ အစီအရင်ကို ဘယ်သူလုပ်ခဲ့တာဖြစ်ဖြစ်... မင်းကို ငါ့ဆီလာဖို့ ဆင့်ခေါ်နိုင်ခဲ့လို့ ငါသူတို့ကို ကျေးဇူးတင်သင့်တယ်"
[ဒင်... လုယွမ်၏နှစ်သက်မှုတန်ဖိုး (+5) လက်ရှိနှစ်သက်မှုတန်ဖိုး (95)]
လုယွမ်ရပ်တန့်သွားတာကြောင့် သူ့အိတ်ကပ်ထဲမှာ လက်ထည့်ထားဆဲဖြစ်သည့် ချင်းလောင်က ရှေ့ဆက်လျှောက်နေရာမှ ရပ်တန့်လိုက်ပြီး သူ့ကိုပြန်ကြည့်သည်။
သစ်သားလှေကား၏ လှေထားထစ်များက သိပ်မကျယ်ပါ။ လုယွမ်၏ ခြေထောက်များသည် ချင်းလောင်၏ ဖိနပ်ဦးနှင့်ထိနေခဲ့ပြီး အခြေခံအားဖြင့် လှေကားပေါ်သို့ ပြန်လှည့်တက်လာသည့် ပုံစံဟု မှတ်ယူနိုင်သည်။
လုယွမ်အတွက် ယခုအချိန်တွင် အကူအညီမလိုအပ်ကြောင်း ချင်းလောင်သိသော်လည်း လုယွမ်လဲကျမည်ကို စိုးရိမ်နေသေးတာကြောင့် လုယွမ်၏ခါးကို ဖက်ထားလိုက်သည်။
လုယွမ်သည် ချင်းလောင်၏ ပွေ့ဖက်မှုကို မျှော်လင့်ထားသလိုမျိုး သူ့မျက်လုံးများထဲထိတိုင် ပြုံးသွားကာ ချင်းလောင်ကို ပွေ့ဖက်ပြီး ရှည်လျားသော အနမ်းများဖြင့် ဆုချလိုက်သည်။

STAI LEGGENDO
စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင္ဂယ္လ္ေခြး အဆံုးသတ္စနစ္] Mm Translation
Storie d'amoreDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...