(50.1)အထွေထွေသုံး ရေနွေးတစ်ခွက်/အေထြေထြသုံး ရေနွေးတစ်ခွက်

334 72 6
                                    

(Unicode)

Chapter (50.1)–အထွေထွေသုံး ရေနွေးတစ်ခွက်

"ရေသောက်ချင်လို့လား"

လုယွမ်သည် အခုလေးတင် အတွင်းရေးမှူးယူလာသည့် ရေဘူးကိုညွှန်ပြရင်း မေးသည်။

"ရေက အထဲမှာရှိနေတာမလား။ ငါဘယ်လိုလုပ်သင့်လဲ"

သူ့မျက်၀န်းထဲက သိချင်စိတ်ပြင်းပြမှုတွေကို ချင်းလောင်မြင်နေရတာမို့ ရေဘယ်လိုငှဲ့ရတယ်ဆိုတာ ထိုဘော့စ်ကို သူဖြည်းဖြည်းသင်ပေးလိုက်သည်။

ရေနွေးနွေး ထည့်ထားသည့် ခွက်လေး လက်ထဲရောက်လာပြီးနောက် ချင်းလောင် ကျေးဇူးတင်ကြောင်း ထပ်ပြောလိုက်သည်။ ရေရဲ့အပူကို အသာလေးမှုတ်ပြီး စမ်းလိုက်သည်။

နည်းနည်းလေး ပူသေးပေမဲ့ သောက်လို့ရသည့်အနေမို့ တစ်ငုံသောက်လိုက်သည်။ နောက်ဆုံးတော့ ဟာနေသည့်အစာအိမ်လေး နွေးထွေးသွားလေပြီ။

ရေနွေးရဲ့အပူဒဏ်ကြောင့် နှုတ်ခမ်းသားလေးများ တဖြည်းဖြည်းရဲလာပြီး လုယွမ်လည်း စက္ကန့်အတော်ကြာကြာ ငေးကြည့်နေမိသည်။

ရေနွေးတစ်ခွက်သောက်ပြီးနောက် ချင်းလောင် အများကြီး ပိုပြီးနေလို့ကောင်းသွားသည်။ ချင်းလောင်သက်ပြင်းချလိုက်သည်။

— ဒါက တစ်ကယ့်ကို အထွေထွေသုံး ရေနွေးတစ်ခွက်ပါပဲ။

ချင်းလောင် ခွန်အားအနည်းငယ် ရလာပြီးနောက် လုယွမ်ကို သူ့ရဲ့ကျောက်စိမ်းဘောပင်နှင့် ဓားမြှောင်အကြောင်း မေးလိုက်သည်။

အတွင်းရေးမှူးက သူ့အတွက် breakfast ၀ယ်ရန် ထွက်သွားသည်။ အဖေချင်းက သူ့ရဲ့ဂုဏ်ယူဖွယ်ရာသားကို ပြန်လိုက်ပို့သည်။

သူနာပြုကတော့ တခြားလူနာတွေကို ဆေးလိုက်ချိတ်ပေးနေရလို့ အလုပ်များနေလား၊ အပျင်းကီုးနေတာလားတော့မသိ ပြန်ကိုမလာပေ။

လူနာခန်းတစ်ခုလုံး စောစောကအခြေအနေအတိုင်း လူတစ်ယောက်နှင့် သရဲတစ်ကောင်သာ ကျန်တော့သည်။ ပတ်၀န်းကျင်အနေအထားက လောလောဆ‌ယ်တော့ လုံခြုံပုံရသည်။ ချင်းလောင် ထပ်မံနှောင့်နှေးအောင် မလုပ်တော့ပေ။

စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင်ဂယ်လ်ခွေး အဆုံးသတ်စနစ်] Mm TranslationOù les histoires vivent. Découvrez maintenant