(Unicode)
Chapter (25.1)–ကွာရှင်းကြမယ်ဟေ့
အတော်ကြာသည်အထိ အခန်းထဲတွင် တိတ်ဆိတ်နေသည်။ အရေပါးသောကောင်လေးသည် တောက်လောင်နေသော အကြည့်များဖြင့် ယန်ဟန့်ကိုကြည့်နေပြီး နောက်ဆုတ်ရန် ဆန္ဒရှိပုံမပေါ်ပေ။
တည်ငြိမ်သောအသံဖြင့် ယန်ဟန်မေးလိုက်သည်။
"ဒါကို တစ်ကယ်ပဲ မင်းလိုချင်တာလား"
ချင်းလောင်ပြုံးသည်။ သူပြုံးလိုက်ချိန်၌ မျက်၀န်းများက လခြမ်းလေးလို အလိုလိုကွေးညွတ်သွားပြီး အလွန်လှပနေသည်။
"ဟုတ်တယ်"
ငါအလိုချင်ဆုံးအရာကို မင်းပေးတယ်။ ဒီတော့ မင်းအလိုချင်ဆုံးအရာကို ငါပြန်ပေးမယ်။ ဒါက မျှတတယ်မဟုတ်လား။
ချင်းလောင် စကားနှစ်လုံးသာပြောလိုက်သော်လည်း ယန်ဟန်ကတော့ ပုန်းကွယ်နေသည့် အဓိပ္ပာယ်ကို နားလည်နိုင်သည်။
ယန်ဟန်၏မျက်လုံးများ မှောင်မိုက်သွားပြီး နူးညံ့ညင်သာစွာပြောလိုက်သည်။
"အိုကေ... မင်းသဘောပဲ"
ထို့နောက် ငြိမ်သက်နေသော လူငယ်လေးသည် ချက်ချင်းဆိုသလို ပိုမိုရှက်ရွံ့လာပြီး ထိုနေရာမှာပင် တောင့်တောင့်ကြီးရပ်နေကာ ဘာဆက်လုပ်ရမည်ကို မသိတော့သလိုမျိုး ရှက်ရွံ့စွာဖြင့် ကြည့်နေသည်။
ယန်ဟန် သူ့ကိုခဏလောက်ကြည့်ပြီး မေးလိုက်သည်။
"ရေချိုးပြီးပြီလား"
ချင်းလောင်၏နားများ ရဲတက်လာသည်။
"ချိုးပြီးပါပြီ"
ယန်ဟန်ထပ်မေးလိုက်သည်။
"ဖြေလျှော့တာရော လုပ်ပြီးပြီလား"
သူယန်ဟန့်ကို တိုက်ရိုက်ကြည့်လိုက်သည်။
"ငါ... ငါမလုပ်ရသေး..."
ယန်ဟန်၏ နှုတ်ခမ်းများသည် အနည်းငယ် ဆိုးညစ်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားကာ အလွန်ကို ဆွဲဆောင်မှုရှိပြီး ပေါ့ပါးသွက်လက်နေသည်။
ဒီလိုပုံစံဖြင့် ယန်ဟန့်ကို သူတစ်ခါမှ မမြင်ဖူးခဲ့ပေ။
"ဒီကိုလာ"

YOU ARE READING
စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင္ဂယ္လ္ေခြး အဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...