(48.1)လူသားစားတဲ့အိမ်ကြီး/လူသားစားတဲ့အိမ္ႀကီး

411 66 8
                                    

(Unicode)

Chapter (48.1)–လူသားစားတဲ့အိမ်ကြီး

ချင်ယန်လမ်းသည် Y မြို့၏တောင်ဘက်တွင်ရှိပြီး ထိုနေရာ၌ နှစ်ပေါင်းများစွာ စွန့်ပစ်ထားသော ဗီလာတစ်လုံးရှိသည်။

ထိုဗီလာ၏ပိုင်ရှင်ကို ဘယ်နေရာမှာမှ ရှာမရတော့သလို ထိုဗီလာဟောင်းကို ဖြိုချပစ်ဖို့ရာအတွက် အစိုးရသည်ပင် ပိုင်ရှင်ကိုမရှာနိုင်‌ပေ။

ထို့ကြောင့် ထိုနေရာသည် အမြဲတမ်းမဲမှောင်နေတတ်ပြီး ဘယ်သူကမှလည်း မမေးကြတော့ပေ။

ဒီလိုမျိုး ကျယ်၀န်းပြီး တန်ဖိုးကြီးသည့်နေရာတစ်ခုသည် သဘာ၀ကျကျပင် အိမ်ခြေယာမဲ့များနှင့် သူတောင်းစားများအတွက် သုခဘုံတစ်ခု ဖြစ်လာခဲ့သည်။

သို့သော်လည်း ကောင်းကင်ဘုံလား၊ ငရဲဘုံလားဆိုတာကတော့ ထိုဗီလာထဲသို့ ၀င်သွားသည့်လူများသာ သိကြပေလိမ့်မည်။

လူတစ်ချို့ပြောကြသည်မှာ အထဲကို၀င်သွားသည့် လူအများအပြားကို သူတို့မြင်ဖူးသော်လည်း ဘယ်သူမှ ပြန်ထွက်မလာကြပေ။ အထဲကို ၀င်သွားသူမှန်သမျှ ဆန်းကြယ်စွာပင် ပျောက်သွားကြသည်။

ဒီထူးဆန်းသည့်ဗီလာက အ၀င်သာလက်ခံပြီး ပြန်ထွက်ဖို့ ခွင့်မပြုပေ။ ဒါကြောင့် ဒီနေရာအနီး၀န်းကျင်ဒေသတွင် နေထိုင်သူများက 'လူသားစားသောအိမ်ကြီး' ဟု အမည်ပေးထားကြသည်။

--------------------------

စနေနေ့ ည(၈)နာရီ၌...

ချင်းယန်နှင့် သူ့သူငယ်ချင်းများသည် ချင်ယန်လမ်းသို့ ကားမောင်းလာကြသည်။

ဗီလာ၏သံမဏိဂိတ်တံခါးက အစောကြီးကတည်းက ပွင့်နေပြီးသားဖြစ်သည်။

သူတို့သည် ကားထဲကထွက်လာပြီးနောက် ဓာတ်မီးတွေထိုးကာ သံမဏိဂိတ်တံခါးအ၀မှ ၀င်ရောက်ပြီး ထိတ်လန့်သည်းဖိုညတစ်ည၏ခရီးကို စတင်လိုက်တော့သည်။

အေးစက်စက်လေတစ်သုတ်က 'ဟူး.... ဟူး...' အသံပေးကာ ဗီလာ၀င်းထဲ ဝေ့ခနဲတိုက်ခတ်လာသည်။

သတ္တိနည်းသူတစ်ချို့သည် သူတို့၏လက်မောင်းကို ပွေ့ပိုက်ထားကာ  ဗီလာရှိရာဆီသို့ မရဲတရဲဖြင့် လျှောက်သွားကြသည်။

စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင်ဂယ်လ်ခွေး အဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now