[Unicode]
Chapter (10.2) – ချင်းလောင်... ငါ့မိသားစုက ချမ်းသာတယ်
"ဟေး... ဟေး... host က ဘာလို့ တိုက်ရိုက်ကြီး မေးလာရတာလဲ။ ကျွန်တော်ထပ်ဖြေလို့ မရတော့ဘူး"
zero zero အဝေးကို ထွက်ပြေးသွားလေပြီ။ အတူတူကျန်နေခဲ့သော 25 နှင့် ချင်းလောင်တို့အချင်းချင်း မျက်လုံးပြူးကြီးများနှင့် ကြည့်မိနေရာ လေထုမှာ အနည်းငယ် ကိုးရိုးကားယား ဖြစ်နေတော့သည်။
"ဒီတော့ မင်းက *အမွေးဖွာတတ်တဲ့ shou လေးပေါ့လေ"
(*ဒေါသမထိန်းနိုင်သော၊ အလွယ်တကူဒေါသကြီးတတ်သော၊ ပေါက်ကွဲတတ်သော တစ်စုံတစ်ယောက်ကိုဆိုလိုသည့်ဗန်းစကား)
ချင်းလောင်သည် သူ့ကိုယ်သူ လူကဲခတ်တော်သူဟု ထင်ထားသော်လည်း ရလဒ်အနေဖြင့် CP ပြောင်းပြန်ဖြစ်သွားခဲ့သည်တဲ့လား။
"ဖာ့ခ်..."
25 ဟာ ဒီမေးခွန်းကို ပြန်မဖြေချင်ပေ။
"စားလို့ပြီးပြီဆိုရင်လည်း အလုပ်သာ သွားပြန်လုပ်စမ်းပါ..."
ဘာကြောင့်လဲ သူမသိပေမဲ့ ချင်းလောင်၏စိတ်ထဲတွင် zerzero ထံမှ မြေကြီးပေါ်သို့ တွန်းလှဲကာ ဆော့ကစားခံနေရသော 25 ကို အလိုအလျောက် မြင်ယောင်လာမိသည်။
ဒါ့အပြင် သူ့အတွေးမြင်ကွင်းထဲ၌ အော်ဟစ်ကာ အပြစ်ဆယတင်နေသော 25 နှင့် သူ့ကိုပွတ်သပ်ရင်း ငိုနေသော zerozero တို့ကိုပါ တစ်ပြိုင်နက် မြင်လိုက်ရသည်။
ဒီ system ရဲ့ ဘ၀ကတော့ တစ်ကယ့်ကို.... အရောင်စုံနေတော့တာပဲ။
"ချင်းလောင်..."
တစ်ဘက်လူက စိတ်ပျံ့လွင့်နေပုံရတာမို့ ယဲ့ချန် ထပ်မံအော်ခေါ်လိုက်သည်။
"ဘာလဲကွာ..."
ချင်းလောင် ဒေါသတကြီး ပြန်ပြောလိုက်သည်။
"ဒေါသမထွက်ပါနဲ့... နောက်ဆုံးတစ်ခါက... အဲဒီ့ကိစ္စ... ငါမရည်ရွယ်ပါဘူး"
ဒါက ယဲ့ချန်အတွက် ချင်းလောင်ကို ပထမဆုံး ညင်သာနူးညံ့စွာပြောခြင်းဖြစ်သည်။ ဩရှရှလေသံက သွေးဆောင်ဖျားယောင်းနိုင်သည်မှာ အသေအချာပင်။

VOCÊ ESTÁ LENDO
စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင္ဂယ္လ္ေခြး အဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...