318 65 4
(Unicode)
Chapter (56.1)နတ်ဆိုးတစ်ကောင်၏ အော်ဟစ်သံတွေလို
"ငါပြောတာ မဟုတ်လို့လား။ မင်းသာ လူအိုကြီးဆီက အဲဒါတွေ မသင်ခဲ့ရင် တစ်နေ့လုံး သရဲတစ်ကောင်လို ပြုမူနေမှာတဲ့လား"
လူတစ်ယောက်ကိုပါ ချင်းလောင်ခေါ်လာတာတောင်မှ အဖေချင်း ဒေါသထွက်နေတုန်းပင်။ တစ်ဖက်လူက အပြင်လူဖြစ်ပြီး ဒီနေရာက သူ့ရဲ့ချင်းမိသားစုအိမ်ဖြစ်သည်။
ဒီတော့ သူဘာမှ တွန့်ဆုတ်နေစရာမလိုပေ။
"မင်းအမေက အစောကြီးဆုံးသွားခဲ့ပြီး မင်းရဲ့အန်တီနဲ့ညီလေးကို မင်းသဘောမကျတာ ငါသိတယ်။ ဒါပေမဲ့ ဒီလောက်နှစ်တွေတောင် ကြာနေပြီကို။ ငါမပေးဘူးတဲ့ ဘယ်လိုအရာကိုများ မင်းလိုချင်ရတာလဲ။ မင်းငါ့အပေါ် မကျေနပ်တဲ့စိတ်တွေကရော ဘယ်ကရောက်လာတာလဲ။ မင်းညီ‌လေးအပေါ်ရော ဘယ်လိုလုပ်နေတာလဲ"
"မျက်ဖြူဝံပုလွေကောင်..."
မိထွေးက အပြစ်တင်သည်။
ချင်းယန်သည် ချင်းလောင်ကို ဘ၀င်ခိုက်နေသော အကြည့်ဖြင့် ပြုံးပြလိုက်သည်။
ချင်းလောင်၏ရင်ထဲ တကယ်ကို သက်တောင့်သက်သာ မဖြစ်တာကြောင့် ဆံပင်ရှည်တွေနှင့်လူစိမ်း၏ လက်မောင်း‌တွေကြား သူ့ခေါင်းကိုပင် မြှုပ်နှံပစ်လိုက်ရသည်။
"အခု... မင်းညီလေးကို တောင်းပန်လိုက်စမ်း။ ဒါဆိုရင် ဒီကိစ္စ ဘယ်တုန်းကမှ မရှိခဲ့သလို သဘောထားပေးမယ်။ မဟုတ်လို့ကတော့ ဒီနေ့ကစပြီး ဒီအိမ်ထဲကို ခြေတစ်လှမ်းတောင် ၀င်ခွင့်မပေးဘူး။ မင်းလိုသွေးအေးတဲ့သားမျိုး ငါ့မှာမရှိဘူး"
အဖေချင်းသည် ချင်းလောင်၏တိတ်ဆိတ်မှုက သူပြောတာကို လက်ခံလိုက်တာလို့ ထင်နေတာကြောင့် ချင်းလောင်၏ ပုံမှန်မဟုတ်သည့် 'မတုန်လှုပ်တော့သည့် အမူအရာ' ကို သတိမထားမိပေ။
ဒါပေမဲ့ သူတို့နှစ်ယောက် သူ့ရှေ့မှာ ဆက်ဆံပုံက ရင်းနှီးလွန်းတာကြောင့် ပြတ်ပြတ်သားသားပြောလိုက်သည်။
"ငါပြောနေတာကြားလား။ မင်းပြန်လာကတည်းက ဒီလူ့ကိုပဲ ကိုင်ထားတာက ဘာသဘောလဲ။ မင်း မရှက်တတ်ဘူးလား"
စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင်ဂယ်လ်ခွေး အဆုံးသတ်စနစ်] Mm Translationحيث تعيش القصص. اكتشف الآن