(48.2)ငါ့နာမည်က လုယွမ်ပါ.... ငါ့ရဲ့သခင်.../ငါ့နာမည္က လုယြမ္ပါ.... ငါ့ရဲ႕သခင္...

391 62 12
                                    

(Unicode)

Chapter (48.2)-ငါ့နာမည်က လုယွမ်ပါ.... ငါ့ရဲ့သခင်...

သရဲအိုကြီးအတွက်တော့ ဒီကောင်လေး ပြောင်ပြောင်တင်းတင်းလုပ်နေသော show ကို အသိအမှတ်ပြုအားပေးရလောက်သည့် စိတ်အခြေအနေမရှိပေ။

ကောင်လေးဘာဆွဲနေတာလဲဆိုတာ သူမသိပေမဲ့ ကောင်းတဲ့အရာ မဟုတ်ဘူးဆိုတာတော့ သေချာသည်။ ဒါကြောင့် ကောင်လေး သူ့ဆီမှာ အာရုံမရှိခင် ထွက်ပြေးရန်ကြိုးစားလိုက်သည်။

သို့သော် မကြာမီမှာပဲ သူ့ကိုထိန်းချုပ်ထားသည့် အဆောင်လက်ဖွဲ့ကို အရည်ဖျော်နိုင်ရန် ဘ၀သက်တမ်း တစ်၀က်စာလောက်ကို အသုံးပြုလိုက်တာမို့ အံကြိတ်မိသွာသည်။

ချင်းလောင် နှုတ်ခမ်းကိုကွေးလိုက်ပြီး သရဲအိုကြီး၏ လှုပ်ရှားမှုလေးကို ဥပေက္ခာပြုပေးထားသည်။

ဆင့်ခေါ်သည့်အစီအရင်ကို ဆွဲလို့ပြီးသွားလေပြီ။

ချင်းလောင်သည် ကျောက်စိမ်းဘောပင်ကိုပြန်သိမ်း၊ ဓားမြှောင်ကိုထုတ်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။

တူညီသောနေရာ... တူညီသောအစီအရင်... တူညီသောအချိန်...

သူအသက်ပြင်းပြင်းရှူလိုက်ကာ system ကို နာကျင်မှုအကာအကွယ် ဖွင့်ခိုင်းလိုက်သည်။ ထို့နောက် ရုပ်ဆိုးလှသော ဓားမြှောင်ဖြင့် သူ့နှလုံးအိမ်ရှိရာဆီ ဆတ်ခနဲထိုးစိုက်လိုက်ပါ၏။

နှလုံးသွေးဖြင့် ဆင့်ခေါ်ခြင်း အစီအရင်...

သရဲအိုကြီးသည် သူ့ရဲ့လှုပ်ရှားမှုက တစ်ဖက်လူ၏အာရုံကို ဆွဲဆောင်သည်ဖြစ်စေ၊ မဆောင်သည်ဖြစ်စေ... ပြင်းပြင်းထန်ထန် စတင်ရုန်းကန်လေသည်။

- ဒီ မိမစစ် ဖမစစ်လေးက သရဲတွေကိုထိန်းချုပ်နိုင်တဲ့ လျှို့ဝှက်နည်းလမ်းကို တစ်ကယ်ကြီး သိနေတာပဲ။ ဘယ်သရဲဆင့်ခေါ်ခံနေရပြီဆိုတာ သရဲတွေက သိနိုင်တယ်လေ။ သူ... ခဏလေးအတွင်း မြူထုထဲမှာ ပျောက်ကွယ်ရတော့မှာလား။

သွေးများက ဓားမြှောင်ထိုးစိုက်လိုက်သည့်နေရာမှ တစ်ဆင့် အစီအရင်၏ မျက်လုံး(အ‌ဓိကနေရာ) ဆီ စီးဆင်းသွားသည်။

စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင်ဂယ်လ်ခွေး အဆုံးသတ်စနစ်] Mm TranslationOpowieści tętniące życiem. Odkryj je teraz