300 52 8
(Unicode)
Chapter (67.1)–နူးညံ့တဲ့လေသံနဲ့နေသားမကျသေး
လင်လျန်သည် လက်သီး‌ဆုပ်ကာ ပါးစပ်ရှေ့ကွယ်ပြီး ချောင်းဟန့်သည်။ ချင်းလောင်၏ မျက်လုံးများကို တိုက်ရိုက်မကြည့်ရဲတာကြောင့် မျက်နှာကို ဘေးလှည့်ထားပြီး တီးတိုးရေရွတ်လိုက်သည်။
"အဲဒီ့အတွက်တော့ တောင်းပန်ပါတယ်။ ဒါပေမဲ့ အခုအချိန်က ဒေါသထွက်နေရမယ့်အချိန် မဟုတ်ဘူးလေ။ မင်းနေကောင်းဖို့က ပိုအရေးကြီးတယ်"
ချင်းလောင်သည် ဒေါသလည်းထွက် ရှက်လည်းရှက်မိသည်။
သို့သော် လင်လျန်ပြောတာ မှန်သည်။ အရေးအကြီးဆုံး အရာမှာ သူမြန်မြန် နေကောင်းဖို့ဖြစ်သည်။
ဒီဗိုးရပ်စ်ပိုး ပျံ့နှံ့ခြင်းဟာ ဘယ်တော့မှ ရပ်တန့်မည်ဆိုတာသူတို့မသိနိုင်ပေ။ဘယ်ရဲအရာရှိမှလည်း ကျောင်းသို့မလာကြပေ။
ထို့ကြောင့် အခုအချိန်သည် လင်လျန်နှင့်စာရင်းရှင်းရန်အချိန်ကောင်းမဟုတ်သေးပါ။
ချင်းလောင်အဝတ်အစားလဲကာရေချိုးခန်းထဲမှ ထွက်လာပြီး မကြာမီ အောက်ထပ်မှ လှုပ်ရှားမှုအသစ်ရှိလာသည်။
အဲဒါဟာ ရဲသားတွေရောက်လာတာမဟုတ်ဘဲ နောက်ထပ်မနှစ်မြို့စရာကိစ္စ ထပ်ဖြစ်လာတာဖြစ်သည်။
ဒီဖြစ်ရပ်ဟာ အတန်းဖော်ဖြစ်သူကို ကယ်ပေးခဲ့သည့် ပထမထပ်မှ အဆောင်နေကျောင်းသားဆီမှာ ဖြစ်ပျက်သွားတာဖြစ်ပြီး ချင်းလောင်နေသောအဆောင်၏ ပထမထပ်ဖြစ်သည်။
ကျောင်းကောင်စီဥက္ကဌ၏ စကားလုံးများကို ကြားပြီးနောက် သူတို့ကယ်တင်လိုက်သော အခန်းဖော်များတွင် ကုတ်ခြစ်ရာ သို့မဟုတ် ကိုက်ရာရှိမရှိ ရှာဖွေကြသည်။
သူတို့တစ်ယောက်မှ အကုတ်ခံရတာ၊ အကိုက်ခံရတာ မရှိကြောင်း သေချာသွားသော်လည်း လေးနာရီတောင်မပြည့်ခင်မှာပဲ ရောဂါကူးစက်ခံထားရသူတွေ ထပ်ပေါ်လာပြန်သည်။
ရောဂါကူးစက်ခံထားရသူမှာ မိန်းကလေးနှစ်ယောက်ဖြစ်သည်။ သူမတို့တွင် သိသာထင်ရှားသော ဒဏ်ရာများမရှိသဖြင့် အဆင်ပြေသည်ဟု မှတ်ယူကာ အဆောင်ထဲသို့ ဝင်ခွင့်ပြုခဲ့တာဖြစ်သည်။
စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင်ဂယ်လ်ခွေး အဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now