(Unicode)
Chapter (79.2)–ဇွန်ဘီစုံတွဲလုပ်ကြမယ်
လင်လျန်သည် အ၀တ်များကို ငုံ့ကြည့်နေသည့် သူ့အကြည်များကို ချင်းလောင်၏ ပန်းရောင်သမ်းနေသည့် နားသန်သီးလေးများဆီ ပြောင်းရွှေ့လိုက်သည်။
ထို့နောက် သူ့ခေါင်းကို ချင်းလောင်၏ပခုံးပေါ် မှီထားပြီး စကားပြောလိုက်ရာ ချင်းလောင်၏နားရွက်လေးများဆီ ထွက်လေငွေ့ငွေ့တို့ ရိုက်ခတ်လာသည်။
"အင်း... အဲဒီ့အတိုင်းပဲ... ဒါက မင်းကိုယ့်ကို ကယ်ခဲ့လို့ပဲလေ။ ချင်းလောင်... မင်းကအရမ်းကြင်နာတတ်တယ်"
"ဟေး..."
ချင်းလောင် ရှက်ကိုးရှက်ကန်းဖြင့် လည်ပင်းကို တွန့်လိုက်သည်။
"ဒီရက်တွေထဲ ဘာလို့ ငါ့ကို လိုက်ပြီးစနောက်နေရတာလဲ။ လင်လျန်... မင်းမဟုတ်မှ..."
"ဟမ်..."
လင်လျန်သည် သူ့ခေါင်းကို ဖယ်ပေးရန် တွန့်ဆုတ်နေပြီး သူ့လက်များဖြင့် ချင်းလောင်၏ ခါးကိုပွေ့ကာ ပို၍တင်းကျပ်စွာပင် ဖက်ထားလေတော့သည်။
"... 'ဟမ်' တဲ့လား... ဘာကို'ဟမ်'တာလဲ။ ငါ... ငါပြောလို့မပြီးသေးဘူးလေ..."
ချင်းလောင်၏ နှလုံးခုန်သံသည် တဖြည်းဖြည်း အရှိန်တက်လာခဲ့ပြီး သူ၏နောက်ကျောဘက်၌ တောက်တဲ့လို တွယ်ကပ်နေသော လင်လျန်ဆီကိုပင် သယ်ဆောင်လာခဲ့သည်။
"မင်းတွေးနေသလိုပဲ... ချင်းလောင်... ကိုမင်းကိုသဘောကျတယ်"
လင်လျန်သည် သူ့ရှေ့မှ 'ပန်းရောင်မှသည် ပို၍အရောင်ရင့်လာပြီဖြစ်သော' တစ်စုံတစ်ယောက်၏ နားသန်သီးလေးများကို နမ်းရှိုက်ရင်း ပြောလိုက်သည်။
"အစတုန်းကတော့ အခြေဆိုင်းစခန်းကို ရောက်ပြီးမှ ကိုယ်မင်းကိုဖွင့်ပြောမယ်လို့ စီစဉ်ထားတာ။ ဒါပေမယ့် အခုတော့ ကိုယ်တို့အဲဒီကိုရောက်နိုင်ဖို့ အခွင့်အရေးက တအားနည်းနေမှာကို ကြောက်မိတယ်။
ဒီရက်တွေက ကိုယ်တို့ဘဝမှာ နောက်ဆုံးရှင်သန်ခဲ့တဲ့ နေ့ရက်တွေတောင်မှ ဖြစ်လာနိုင်တယ်။ ကိုယ်ဘ၀ရဲ့အဆုံးသတ်ကို နောင်တတွေနဲ့ ကုန်ဆုံးမသွားချင်ဘူး။ အဲဒါကြောင့် ကိုယ်ဝန်ခံတယ်။ ကိုယ်မင်းကိုသဘောကျတယ်"

ВЫ ЧИТАЕТЕ
စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင္ဂယ္လ္ေခြး အဆံုးသတ္စနစ္] Mm Translation
Любовные романыDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...