(Unicode)
Chapter (58.2)–ဂျူနီယာညီလေး ပျော်နေသမျှ
အနုပညာဌာန၏ အဆောက်အဦထဲ ချင်းလောင်မ၀င်ခင်လေးမှာ ကျန်းဖျင်ဆီက ဖုန်း၀င်လာပြီး သူဘယ်မှာလဲဆိုတာ မေးပြီးသည်နှင့် မြန်မြန်ဖုန်းချသွားကာ သူ့ကိုလာတွေ့သည်။
ကျန်းဖျင်နှင့်အတူ ယန်ယန်ပါ ပါလာသည်။ ဒါပေါ့... ကျောင်းရဲ့ website ပေါ်က ချင်းလောင်တို့ video ကို သူမြင်ပြီးလေပြီ။
ချင်းလောင်က အလွန် introvert ဖြစ်ကြောင်း သူတို့ သိထားတာကြောင့် ထိုမကောင်းသည့် မှတ်ချက်တွေကြောင့် ချင်းလောင်ခံစားရမှာ စိုးရိမ်ကာ ကာကွယ်ပေးရန် လာကြတာဖြစ်သည်။
ချင်းလောင် နည်းနည်းလေး စိတ်လှုပ်ရှားသွားသည်။
"မင်းတို့တွေ... ငါက ... မတွေးမိဘူးလို့ မထင်..."
'မနှစ်မြို့စရာကောင်းတယ်' ဟူသောစကားလုံးကို သူမပြောရသေးခင်မှာပဲ ယန်ယန့်ဆီက ဖြတ်ပြောခံလိုက်ရသည်။
"ငါတို့ သိနေခဲ့တာ ကြာပါပြီ"
ယန်ယန်ပြုံးလိုက်သည်။ ထိုအပြုံးက သူ့ရဲ့သင်္ကေတလေးဖြစ်ပြီး နှလုံးသားကိုနွေးထွေးစေကာ တစ်ကယ်ကြည့်ကောင်းသည်။
"မင်းနဲ့ စီနီယာအစ်ကိုလုတို့မှာ ကောင်းမွန်တဲ့ဘ၀တစ်ခု ရှိနေမှတော့ လုံလောက်ပြီလေ။ အဲဒီ့လူတွေရဲ့ မကောင်းတဲ့အပြောတွေ အကြည့်တွေကို ဂရုမစိုက်နဲ့။ မင်းတို့ကိုယ်တိုင်အတွက်ပဲ ရှငိသန်ပါ"
ချင်းလောင်၏ စိုးရိမ်စိတ်လေး ပေါ့ပါးသွားပြီး ခေါင်းညိတ်ပြလိုက်သည်။
"မင်းတို့ကို ကျေးဇူးတင်ပါတယ်နော်"
"ဟေး... ကိစ္စမရှိပါဘူး"
ကျန်းဖျင် ခေါင်းကုတ်ကာ အနည်းငယ် ရှက်သွားပြီး တုံ့ဆိုင်းသွားပုံရသည်။
"ဒါက.... ချင်းလောင်ရေ... မင်း ငါ့ကို ယုံကြည်ပေးနော်။ ငါမနေ့တုန်းက ဖြတ်လျှောက်သွားရုံလေးပါ။ အဲဒီ့မှာ မင်းနဲ့ စီနီယာအစ်ကိုလုတို့.... အဟမ်း... ဒါပေမဲ့ ငါတစ်ကယ် video မရိုက်ခဲ့ပါဘူး"
"မနေ့တုန်းကလား..."
လွန်ခဲ့သည့် နှစ်ရက်အတွင်း ချင်းလောင်၏မှတ်ဉာဏ်ဟာ ဝေဝါးနေခဲ့သည်။

VOUS LISEZ
စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင္ဂယ္လ္ေခြး အဆံုးသတ္စနစ္] Mm Translation
Roman d'amourDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...