(Unicode)
Chapter (72.1)–ကမ္ဘာမြေပြင်ပေါ်မှငရဲခန်း
"မရဘူး..."
လင်လျန် အံကြိတ်မိတော့မည်။
"ဖာ့ခ်..."
ချင်းလောင် ဒေါသထွက်ချင်ပေမယ့် ကျယ်လောင်သောအသံကဇွန်ဘီများကို ဆွဲဆောင်သလို ဖြစ်လိမ့်မည်ကို ကြောက်ရွံ့တာကြောင့် သည်းခံလိုက်ရသည်။
တစ်ဖက်လူက အလွန်သန်မာသောကြောင့် သူမရုန်းနိုင်သည့်အတွက် ပုခုံးကို ညှစ်ကိုင်ထားသည့် လင်လျန်၏လက်ကို ဖယ်ပေးဖို့ပြောချင်မိသည်။
"အစ်ကိုလောင် ... "
ရှောင်ဖေးတစ်ယောက် ချီတုံချတုံဖြစ်နေမိသည်။
"မူလအစီအစဉ်ကို ငါတို့ ဘယ်လို လုပ်ရမှာလဲ"
ကျန်းမော့သည် လက်ချောင်းများကိုကိုက်နေပြီး သူ၏ ထင်မြင်ချက်ကို မဖော်ပြပေ။
ယွီချောင်ကမူ ခေါင်းကိုက်ဟန်ဖြင့် သူ၏နဖူးကို ပွတ်သပ်ပြီးခဏလောက် စဉ်းစားနေသည်။
မူလအစီအစဉ်အရ အချို့မှာ လွတ်မြောက်လိမ့်မည်။ သို့သော်အောက်တွင် ဇွန်ဘီများစွာရှိသည်။ ဒါကြောင့် ပထမအဖွဲ့မှ လူများစွာ ကျိန်းသေအဖမ်းခံရနိုင်သည်။
ဇွန်ဘီအချို့က သူတို့ကိုလိုက်ဖမ်းကြပြီး အချို့မှာ သူတို့ဖမ်းမိလိုက်သော အစားအစာများကို ဆက်၍ စားကြပေလိမ့်မည်။
ဒီတော့ဒုတိယအဖွဲ့ကရော...
အကယ်၍ သူတို့သည်လည်း မူလအစီအစဉ်အတိုင်း ဆက်လုပ်ပါက ကျန်နေသောဇွန်ဘီများသည် ဇွဲကောင်းကောင်းဖြင့် လိုက်လံဖမ်းဆီးပေလိမ့်မည်။ ထို့ကြောင့် သူတို့တွေတို့ထဲမှ တစ်စိတ်တစ်ပိုင်းသာ လွတ်မြောက်နိုင်သည်။
ထို့အပြင် လုံခြုံရေးအခန်းတွင် ဖုန်းကို နေရာချထားပါက alarm မြည်လာချိန်၌ ဇွန်ဘီအချို့မှာ ပြန်လှည့်လာကြပေမည်။
ဒီလိုနှင့် သူတို့သည် အရှေ့နှင့်အနောက်ဘက်မှ ဇွန်ဘီများ၏ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ခံရပြီး သေသည့်တိုင်အောင် လွတ်မြောက်နိုင်မည်မဟုတ်ပေ။

YOU ARE READING
စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင္ဂယ္လ္ေခြး အဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...