[Unicode]
Chapter (4.1) - ဖာ့ခ်... အဆင့်'၁'နေရာကို ပြိုင်ပါတယ်ဆို '၉' တဲ့လား။
ကျောင်းလွှတ်သွားသည့်တိုင် ကျောင်းသားအများစုဟာ အခုထိမပြန်ကြသေးဘဲ နောက်ဆက်တွဲအတင်းအဖျင်းများနောက်ကို လိုက်နေကြဆဲဖြစ်သည်။
မကြာခင်မှာပဲ လူအနည်းငယ် အတန်းထဲ၀င်လာပြီး လေထုကနည်းနည်းလေး ထူးဆန်းနေပုံပေါ်သည်။
စောစောက ယဲ့ချန်ဆီမှာ အထိုးခံထားရတဲ့ ချင်းလောင်၏ဒဏ်ရာမှလွဲ၍ ဘယ်သူတစ်ဦးတစ်ယောက်မှ ဒဏ်ရာအနာတရမရှိပေ။ ဒီတော့ *ဖရဲသီးစားနေသည့်အုပ်စုမှာ လုံး၀ကို နားမလည်နိုင်တော့ပါချေ။
(*အတင်းအဖျင်းပြော၊ ပွဲကြည့်)
ချင်းလောင်သည် ခုံမှာ၀င်မထိုင်တော့ဘဲ သူ့လွယ်အိတ်ကိုယူကာ ကျောပေါ်ပစ်တင်လိုက်သည်။ ထို့နောက် ယဲ့ချန်၏ပခုံးကို၀င်တိုက်ပစ်ကာ ခေါင်းကိုမော့လျက်ဖြင့် အတန်းထဲကထွက်သွားလေသည်။
ယဲ့ချန်၏နှုတ်ခမ်းထောင့်လေးများ ကွေးသွားကာ သူ့ခုံတွင်ဖြည်းညင်းစွာ ၀င်ထိုင်လိုက်ပြီး ဒီနေ့အတွက် အိမ်စာကိုထုတ်ကြည့်လိုက်သည်။
အဓိကလူတစ်ယောက်က ထွက်ခွာသွားပြီဖြစ်ကာ ကျန်နေခဲ့သည်က အေးစက်စက်လူတစ်ယောက်နှင့် ကြည့်ရတာအဆင်မပြေဖြစ်နေသော လူနှစ်ယောက်သာ (၀မ်ဟောက်နှင့်လီဝူ) ကျန်နေခဲ့တာကြောင့် ဘာတွေဖြစ်ခဲ့တာလဲဆိုတာ သွားမမေးရဲကြပါချေ။
နောက်ဆုံးတော့ အတန်းထဲက ပွဲကြည့်နေကြသူတွေဟာ နှစ်ယောက်တွဲ၊ သုံးယောက်တွဲဖြင့် ထွက်သွားကြလေတော့သည်။ cafeteria ကိုသွားချင်သူသွား၊ အိမ်ပြန်ချင်သူတွေကလည်း အိမ်ပြန်ကြတော့မည်။
ဟန်ဟန်ကတော့ အတန်းထဲမှာပဲ ရှိနေသေးကာ အနောက်တန်းကို နှစ်ခါလောက် လှည့်ကြည့်လာသည်။ နောက်ဆုံးမှာတော့ သူမသည်းမခံနိုင်ဝောာ့ဘဲ ယဲ့ချန်ဆီကို သွားလိုက်သည်။
ချင်းလောင်၏ခုံမှာ မထိုင်ချင်တာမို့ ချင်းလောင်၏ သူငယ်ချင်းနှစ်ယောက်၏ခုံမှာ ၀င်ထိုင်လိုက်သည်။
"ယဲ့ချန်... နင်အဆင်ပြေရဲ့လား။ နင်အဲဒီ့လိုလုပ်မှာ မဟုတ်ဘူးဆိုတာ ငါယုံတယ်။ ဆရာတွေကလည်း စစ်ဆေးပေးကြမှာပါ"

KAMU SEDANG MEMBACA
စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင္ဂယ္လ္ေခြး အဆံုးသတ္စနစ္] Mm Translation
RomansaDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...