(53.2)မကြောက်ပါနဲ့... ငါရှိတယ်/မေၾကာက္ပါနဲ႕... ငါရွိတယ္

348 70 15
                                    

(Unicode)

Chapter (53.2)–မကြောက်ပါနဲ့... ငါရှိတယ်

နောက်တစ်နေ့တွင် ချင်းလောင်သည် ရှက်ကိုးရှက်ကန်းဖြင့် ရေချိုးခန်းထဲမှ ထွက်လာသည်။

ဆိုဖာပေါ်တွင်ထိုင်ကာ သူ့ဖုန်းနှင့်ကစားနေသည့် လုယွမ်ကိုကြည့်ပြီး အကြိမ်အနည်းငယ်ခန့် တုံ့ဆိုင်းနေမိသည်။

သူ့လည်ပင်းတွင် အနီရောင်အမှတ်အသားများရှိပြီး ရင်ဘတ်နှင့် ခါးမှာတော့ အတွင်းကြေဒဏ်ရာ ရထားသည့်နှယ်။

သူက ငတုံးမဟုတ်ပါချေ။ သိသာထင်ရှားခြင်း မရှိလျှင်ပင် ဒါက လုယွမ်လက်ချက်ဆိုတာ မသင်္ကာဖြစ်မိသည်။

— မဟုတ်ဘူး။ မသင်္ကာဖြစ်တာမဟုတ်ဘူး။ သူပဲ ဖြစ်ကိုဖြစ်ရမယ်။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ် ထုတ်မေးရမှာလဲ။

ချင်းလောင်သည် သူ့ဆွယ်တာ၏ကော်လံကို ထပ်ဆွဲလိုက်သည်။ အဲဒီ့နောက်တော့ သူ့မျက်နှာ၏တစ်၀က်လောက်ကို ဆွယ်တာထဲ မြှုပ်ထားဖို့ မစောင့်နိုင်ဝောာ့ပါချေ။

သူရှက်ကိုးရှက်ကန်းဖြင့်ပင် မီးဖိုခန်းဆီသွားကာ မနက်စာပြင်သည်။ ရှက်တစ်၀က်၊ ဒေါသတစ်၀က်ဖြစ်နေတာမို့ လုယွမ်ကို ဘာစားချင်လဲဆိုတာတောင် မမေးနေပေ။

ဆန်ပြုတ်တစ်ချို့ကို သူချက်ပြီးနောက် စားပွဲဆီသယ်လာကာ ယဉ်ကျေးဟန်ဖြင့် လုယွမ်အတွက် တစ်ပန်းကန်ထည့်ပေးသည်။

လုယွမ်ကလည်း ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေသည်။ သူပြုံးလိုက်ပြီး ဖုန်းကိုချကာ ဇွန်းကိုကိုင်ပြီး စားလေသည်။

ချင်းလောင်လည်း မေးခွန်းတစ်ခုခုမေးဖို့ ဝေးစွ။ တိတ်တိတ်ဆိတ်ဆိတ်သ  စားနေသည်။

သူ့မျက်နှာမှာ နီရဲနေပြီး နားရွက်ထိပ်လေးများမှာလည်း ပန်းရောင်သမ်းနေလေပြီ။

သူ့နှလုံးသားထဲမှာတော့ မနေ့ညသန်းခေါင်ကျော်မှာ သူနိုးလာခဲ့စဉ်က ခံစားရသည့် အရသာကို ပြန်တွေးမိရင်း သက်ပြင်းချမိသည်။

— ဒီ'လူ'က အမြဲတမ်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရတာကို နှစ်သက်ပုံတယ်။

စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင်ဂယ်လ်ခွေး အဆုံးသတ်စနစ်] Mm TranslationDonde viven las historias. Descúbrelo ahora