419 67 4
(Unicode)
Chapter (43.1)–ကောင်ငယ်လေးကိုပြန်တွေ့ခဲ့ပေမဲ့...
"ဟူး...."
ချင်းလောင်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းရှည်ကြီးချလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ထိုလူစုသည် အကြောက်ကြီးသောကြောင့် သူတို့တာ၀န်ကိုမေ့သွားကြလေသည်။
ထို့ကြောင့် သေနတ်နှင့်လည်း ပစ်မသွားရဲကြပေ။ မဟုတ်ပါက အခုအချိန်မှာ သူ့တစ်ကိုယ်လုံး အေးစက်နေလောက်ပေပြီ။
"25 ရေ... လမ်းပြပါဦး..."
25 သည် မနှောင့်နှေးစေရဘဲ ချင်းလောင်အတွက် နာရီ၀က်စာ ညမြင်ကွင်းကို တိုက်ရိုက်ဖွင့်ပေးခဲ့သည်။ သူတို့၏ system မှာလည်း ခွင့်ပြုချက်က အကန့်အသတ်ရှိသည်။
သူတို့သည် သူတို့၀င်ရောက်ခဲ့သော ကမ္ဘာတွေမှ လူများကို တိုက်ရိုက်ဒုက္ခမပေးနိုင်သော်လည်း ဒီလို သရဲယောင်ဆောင်သည့် လှည့်ကွက်ကပင် လုံလောက်နေပြီဟု ချင်းလောင် ခံစားမိသည်။
မဟုတ်ပါက ထိုလူထွားကြီးငါးယောက်ရဲ့လက်ကနေ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
သူသည် သူ့လက်ကို ချည်ထားသည့်ကြိုးကို ဖြည်လိုက်ပြီး ဒီနေရာမှ လွတ်မြောက်ရန်အတွက် နှစ်မီတာမြင့်သော ပေါင်းပင်များထဲသို့ စတင်ခြေချလိုက်သည်။
စက်ရုံလမ်းအတိုင်း ပြေးဖို့မဖြစ်နိုင်ပေ။ မဟုတ်လို့ကတော့ အဲဒီလူတွေ ပြေးလိုက်လာတဲ့အခါ သူတကယ်သေသွားလိမ့်မည်။ ဒါပေမယ့် သူက မျက်စိစုံမှိတ်မပြေးဘဲ system ပြသပေးတဲ့ ယန်ဟန်ရှိနေရာ လမ်းကြောင်းဆီသို့ ပြေးသွားခဲ့သည်။
system ကလည်း သူဖြတ်သန်းသွားသော ပေါင်းပင်များကြားမှ ခြေရာများကို ပြန်လည်ဖုံးအုပ်ပေးသည်။ ဒီလူအုပ်စုက ခဏလေးအတွင်း သူ့ကိုပြန်ရှာလျှင်ပင် လွယ်မှာမဟုတ်ပါချေ။
ဆောင်းရာသီတွင် မြက်ပင်များသည် ညှိုးနွမ်းလာပြီး အဝါရောင် အရွက်များသည် ချွန်ထက်သော ဓားသွားများကဲ့သို့ပင်။
ချင်းလောင်သည် ပိုးမွေးသလိုအမွေးခံရပြီး ကြီးပြင်းလာခဲ့သော ကောင်လေးတစ်ယောက်ဖြစ်သည်။
စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင်ဂယ်လ်ခွေး အဆုံးသတ်စနစ်] Mm TranslationDonde viven las historias. Descúbrelo ahora