(82.2)ချစ်လွန်း၍မုန်းရသည်/ချစ်လွန်း၍မုန်းရသည်

158 47 19
                                    

(Unicode)

Chapter (82.2)—ချစ်လွန်း၍မုန်းရသည်

"အိုက်ယား..."

လျန်ချန်သည် သူ့ရှေ့က အလှလေးဆီမှ ခေါ်ခံရချိန်မှာ ပျော်ရွှင်သွားပြီး သူ့ရဲ့ဖီးနစ်မျက်၀န်းများကို မှေးကျဉ်းလိုက်သည်။

သူသည် ကျောင်းသားအုပ်စုကိုကြည့်ပြီး မသိမသာလေး မျက်မှောင်ကြုတ်သွားကာ ခေါင်းညိတ်ပြသည်။ နောက်ဆုံးမှာတော့ တစ်စုံတစ်ရာကိုတွေးမိသွားသကဲ့သို့ သူ့လက်ကိုမြှောက်လိုက်သည်။
 
"အာ... မေ့တော့မလို့ပဲ။ ချင်းမိသားစုက ငတုံးကောင်လေးရော။ ငါဘာလို့ သူ့ကိုမတွေ့တာလဲ။ မင်းတို့သုံးယောက်က ငယ်ငယ်လေးကတည်းက ခွဲလို့မရလောက်အောင် ပူးကပ်နေကြတဲ့သူတွေ မဟုတ်ဘူးလား"

ကျောင်းသားအုပ်စုလေးသည် တိတ်ဆိတ်သွားပြီး လျန်ချန်လည်း တစ်စုံတစ်ရာ တွေးမိသွားပုံရကာ ချက်ချင်းဆိုသလို စိတ်အနှောင့်အယှက်ဖြစ်သွားလေသည်။

"ဖြစ်နိုင်တာက အဲဒီကောင်လေး ချင်းလောင်... အာ... ဆောရီး... အန်ကယ်ချင်းနဲ့ အန်တီတို့တော့ အရမ်းဝမ်းနည်းနေတော့မှာပဲ..."

လင်လျန်သည် သူ့လက်ထဲမှာကိုင်ထားသည့် ပေါင်မုန့်ချပ်ကိုချကာ ခေါင်းငုံ့လိုက်သည်။

"အစ်ကိုချန်... သူတို့လည်း အခြေစိုက်စခန်းမှာလား။ အန်ကယ်ချင်းနဲ့ တခြားသူတွေကိုတွေ့ဖို့ ကျွန်တော်တို့ကို ခေါ်သွားပေးလို့ရမလား"

"မင်းတို့တွေ့ချင်ရင်ရတာပေါ့"

လျန်ချန်သည် လင်လျန်၏ ပခုံးကိုပုတ်လိုက်သည်။

"အန်ကယ်လင်နဲ့ အန်ကယ်ထန်းတို့လည်း ဒီမှာပဲ။ တစ်ခုခုအရင်စားလိုက်ကြဦး။ နောက်ပြီးကျပ်မှ မင်းတို့မိသားစုတွေနဲ့တွေ့ဖို့ လမ်းပြရအောင် တစ်ယောက်ယောက်ကိုလွှတ်ပေးမယ်။ ပြီးတော့မှ မင်းတို့နေဖို့နေရာကို စီစဉ်ကြတာပေါ့။ အိုး... မင်းတို့တွေက အားလျန်နဲ့ ရှောင်ရို့တို့ရဲ့ အတန်း‌ဖော်တွေမဟုတ်လား။ မင်းတို့အတွက်လည်း စီစဉ်ပေးမယ်"

လေးဦးသားသည် ထန်းရှောင်ရို့နှင့် လင်လျန်တို့ကို ကြည့်လိုက်ပြီးနောက် ဦးခေါင်းလေးတွေကို ညွှတ်လိုက်ကြသည်။

စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင်ဂယ်လ်ခွေး အဆုံးသတ်စနစ်] Mm TranslationOù les histoires vivent. Découvrez maintenant