103 41 9
(Unicode)
Chapter (82.1)–ရက်စက်သောနည်းလမ်း၏နောက်ကွယ်မှလူ
"ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နေရတာလဲ..."
ရှောင်ဖေးသည် အခြားသုံးယောက်နှင့် အကွာအဝေးအနည်းငယ်ခြားသော ခုံတစ်လုံးတွင် ထိုင်လိုက်သည်။ သူသည် ရုတ်တရက်ဆိုသလို ပေါက်ကွဲသွားပါက သူ့အသင်းဖော်များကို ထိခိုက်စေမှာ ကြောက်ရွံ့နေလေသည်။
ယွီချောင်၊ ကျန်းမော့နှင့် လီပင်းတို့လည်း ထိုနည်း၎င်းပင်။ သူတို့၏အမူအရာများသည် အနည်းငယ် အသက်မဲ့နေပေသည်။
သိသိသာသာပဲ အစိုးရက သူတို့ကို လက်မလျှော့သင့်ကြောင်း၊ သူတို့ကိုလည်း စွန့်ပစ်မည်မဟုတ်ကြောင်း ကတိပေးထားပေမယ့် ဘယ်လိုလုပ်ပြီးတော့ ဒီလိုရက်စက်သည့် စစ်ဆေးခြင်းနည်းလမ်းကို သုံးနိုင်ကြတာလဲဆိုတာ သူတို့နားမလည်ကြပေ။
— ဘာဖြစ်လို့လဲ။ သူတို့မှာ ဒေါသထွက်စရာကိစ္စ ရှိနေကြလို့လား။ ဒါမှမဟုတ် ရုတ်တရက်ကြီး တမင်သက်သက် အလွန်အကြူးလုပ်ပြနေတာလား။
— တစ်ယောက်မှ ကူးစက်မခံထားရရင်ရော...။ remote control ကိုင်တဲ့သူက  ခံစားချက်တွေ ပေါက်ကွဲထွက်လာပြီး ခလုတ်ကို ကြမ်းကြမ်းတမ်းတမ်း နှိပ်ချလိုက်ရင်ရော...။
— ဟုတ်တယ်။ ဒီနည်းလမ်းက ကူးစက်ခံထားရသူ အကုန့လုံးကို ဖယ်ရှားဖို့ နည်းလမ်းဆိုပေမဲ့ အဲဒီကူးစက်ခံထားရတဲ့သူအနေနဲ့ 100% ပုံစံပြောင်းသွားပြီးမှ အသတ်ခံရမှာလား။
သူတို့ဆက်ပြီးတော့ မတွေးရဲတော့ပါ။
— တကယ်လို့ ကြောက်စိတ်မွှန်ပြီး ကူးစက်မခံထားရဘဲ လွှတ်ပေးသင့်တဲ့သူ တစ်ယောက်ကို မှားယွင်းပြီးတော့ သတ်မိရင်ရော...။
— အခုလက်ရှိသူတို့က ဘယ်လိုအခြေနေလဲ။ သေမိန့်ကျလာမှာကို စောင့်ဆိုင်းနေတဲ့ အကျဥ်းသားတစ်ယောက်လား...
လင်လျန်၏မျက်ဝန်းထဲ၌ အေးစက်မှုတို့ ကိန်းဝပ်လာသည်။
"မင်းတို့မှတ်မိကြသေးလား။ လွန်ခဲ့တဲ့ငါးရက်က ငါတို့ရခဲ့တဲ့သတင်းကိုလေ။ မဟုတ်သေးဘူး။ ဒီနေ့ကနေဆို ခြောက်ရက်ပေါ့။ လွန်ခဲ့တဲ့ ခြောက်ရက်အတွင်း ဒီနေရာမှာ တစ်ခုခု ဖြစ်သွားတာပဲဖြစ်ရမယ်"
စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင်ဂယ်လ်ခွေး အဆုံးသတ်စနစ်] Mm TranslationDonde viven las historias. Descúbrelo ahora