(Unicode)
Chapter (80.1)–လင်လျန်... နှုတ်ဆက်ပါတယ်...
လမင်းသည် ဟိုအဝေး မိုးကောင်းကင်ထက်မှာ ရှိနေပြီး သူ၏ လရောင်ကို ခံယူနေသည့် အရာအားလုံးကို နူးညံ့ညင်သာစွာဖြင့် ပုံမှန်အတိုင်း ငုံ့ကြည့်နေလေသည်။
ချင်းလောင်သည် လင်လျန်၏ ရင်ဘတ်ကို လက်သီးဆုပ်ဖြင့်တွန်းထုတ်ရင်း သူ့စိတ်သူတင်းကာ ပြောလိုက်သည်။
"လင်လျန်... မင်းကို ငါနဲ့အတူတူ မသေစေချင်ဘူး... ငါမင်းကို အသက်ရှင်စေချင်တယ်။ ငါ... မင်းကို အသက်ရှင်စေရမယ်..."
လင်လျန်၏ခန္ဓာကိုယ် အေးခဲသွားသည်။ သူတို့သည် ကလေးဘဝကတည်းက အတူတူ ကြီးပြင်းလာခဲ့ကြတာမို့ ချင်းလောင် ဒီစကားကို ဘာကြောင့် အလောတကြီး ပြောရလဲဆိုတာ လင်လျန်နားလည်ပါသည်။
သူသည် ချင်းလောင်၏ ပခုံးကိုကိုင်ကာ မျက်နှာချင်းဆိုင်လိုက်သည်။ ကူးစက်ခံရသူမှာ သူကိုယ်တိုင်ဖြစ်နေသည့်အလား မျက်၀န်းများကမူ နီရဲနေလေသည်။ သူ့ရဲ့လေသံထဲမှာတော့ ခါးသီးမှုတွေ ရောစွက်နေသည်။
"အဲဒီ့လိုလုပ်မယ်မကြံနဲ့။ ကိုယ် သဘောမတူဘူး..."
ချင်းလောင်၏နှုတ်ခမ်းလွှာလေးများ ကွေးညွတ်သွားသည်။ သူ့နဖူးပေါ်မှာလည်း ချွေးစေးတွေ ထွက်နေလေပြီ။
"လင်လျန်... နာတယ်..."
ဒီစကားကိုကြားပြီးနောက် လင်လျန် သူ့အားကိုလျှော့ကာ အ၀တ်တွေ ပြန်၀တ်ပေးပြီးနောက် ချင်းလောင်ကို ပြန်ဖက်ထားလေသည်။
လင်လျန်သည် ချင်းလောင်ကို လက်မောင်းထဲတွင် ပွေ့ဖက်လျက် ဆိုဖာပေါ် ထိုင်နေသည်။
သူ့ရင်ဘတ်သည် ချင်းလောင်၏ အနည်းငယ် အေးစက်လာသော နောက်ကျောနှင့်ထိစပ်နေပြီး နှလုံးခုန်သံကိုပင် ခံစားမိနေသည်။
နာကျင်နေသော လက်မောင်းနှင့် အနောက်မှနွေးထွေးသော ခန္ဓာကိုယ်က နာကျင်မှုနှင့် စိတ်သက်သာရာရမှုတို့ကို တစ်ပြိုင်နက်တည်း ခံစားမိစေပြီး ချင်းလောင်ကို တိုးဖွဖွလေး ရယ်မိစေသည်။
အဲဒီ့နောက် သူတီးတိုးပြောလာသည်။
"လင်လျန်... ဆက်လုပ်ရအောင်... ဒီလိုကိစ္စမျိုးဆိုတာ လမ်းတစ်၀က်မှာ ရပ်လို့မသင့်ဘူး..."

ESTÁS LEYENDO
စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင္ဂယ္လ္ေခြး အဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...