(Unicode)
Chapter (52.2)–ပန်းချီထဲကနေ အသက်၀င်လာတဲ့မိစ္ဆာ
"မင်းတို့ရဲ့ကိုယ်ပိုင်လက်ရာအပေါ် လုံး၀ယုံကြည်မှုရှိတဲ့ ဘယ်သူမဆို လက်ကို မြှောက်လိုက်ပါ"
ပါမောက္ခ သူ့လက်ရာကိုလာမကြည့်ခင် တစ်နေရာကို တိတ်တိတ်လေး ခိုးထွက်သွားချင်သည့်ချင်းလောင်တစ်ယောက် ထိုစကားကိုကြားရာ တုန်ယင်သွားလေသည်။
ထန်ချင်း ပြောလို့ဆုံးသွားသည့်တိုင် ချင်းလောင်လက်မမြှောက်ရဲပေ။ ပါမောက္ခ တစ်ယောက်တည်း ရှိနေချိန်ဆိုလျှင်အဆင်ပြေသော်လည်း အခုလိုအချိန်မှာ ထင်မြင်ချက်ပေးခံရပါက တစ်တန်းလုံး၏အကြည့်တွေက သူ့နောက်ကျောကို ရောက်နေမည်ဖြစ်သည်။
— လူအများကြီးရဲ့ အကြည့်နဲ့ ချဥ်းကပ်မှုတွေကြား သူဘယ်လိုမတ်မတ်ရပ်နိုင်မှာလဲ။
ကျန်းဖျင်သည် ချင်းလောင်၏ လှုပ်ရှားမှုသေးသေးလေးကိုမြင်ကာ ထပ်မံ၍ပြောစရာများ ပျောက်ရှသွားရပြန်သည်။
ချင်းလောင်က တအားရှက်တတ်လွန်းတာကြောင့် လူများတာကိုမကြိုက်တာဖြစ်မည်ဟု သူခန့်မှန်းလိုက်သည်။ ဆရာ့ဆီက ထင်မြင်ချက်ကို လိုချင်ပေမဲ့လည်း လက်မမြှောက်ရဲတာဖြစ်မည်။
ထို့ကြောင့် ချင်းလောင်၏ ပန်းချီဒေါက်ကို သူ့နေရာဆီရွှေ့ကာ သူ့လက်ကိုမြှောက်လိုက်သည်။
ချင်းလောင်ကလည်း တုံးအနေသူမဟုတ်ပေ။ အလွန်အံ့အားသင့်သွားပြီးနောက် ဒီမှာရှိနေသည့် ကျောင်းသားတွေအတွက် အခန်းကျယ်ကျယ်ရရှိဖို့ရာ ချက်ချင်းပဲ ထောင့်စွန်းကို ရွှေ့လိုက်သည်။
ပါမောက္ခထန်က ဆရာဖြစ်တာ နှစ်အနည်းငယ်ကြာပြီမို့ သူ့ရဲ့စကားပြောသံကို စတူဒီယို၏ ထောင့်စွန်းနေရာတိုင်းမှပင် အလွယ်တကူ ကြားနိုင်သည်။ ဒီတော့ ချင်းလောင်လည်း ထန်ချင်း၏ ထင်မြင်ချက်ကို ကြားလိုက်ရသည်။
"ကောင်းတယ်... Life ကို ဆွဲထားတာဆိုပေမဲ့ death လည်းဖြစ်တယ်"
'life ကိုဆွဲခြင်း' ဟူသည်မှာ ညောင်မုတ်ဆိတ်ပင်မိစ္ဆာ၏ ထူးထူးဆန်းဆန်းပုံစံဖြင့် တွန့်လိမ်နေသော နွယ်များကို ဆိုလိုတာဖြစ်ပြီး 'death' ကတော့ ညောင်မုတ်ဆိတ်ပင်မိစ္ဆာက ကြည့်မိသူတွေကို သေဆုံးခြင်းခံစားချက်ကို ပေးစွမ်းနေတာကြောင့်ပင်။

KAMU SEDANG MEMBACA
စင်ဂယ်လ်ခွေး အဆုံးသတ်စနစ် [စင္ဂယ္လ္ေခြး အဆံုးသတ္စနစ္] Mm Translation
RomansaDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...