🌷ချစ်လူကြမ်း🌷
part-1
''ရှုပ်ရှုပ်ယှက်ယှက်...မေမေရာ..
ဒီခေတ်ကြီးမှာ..လူတစ်ယောက်ကို
တင်ကျွေးထားဖို့...ဆိုတာ.လွယ်တာမဟုတ်ဘူး...ပြီးတော့..ကျတော်ကလူပျိုလူလွတ်
မသင့်တော်ပါဘူးမေမေရာ''''ဟဲ့...တန်းခိုးပြည့်စုံ...
ငါခေါ်မှာက...ဟော့ဟော့ရမ်းရမ်းလည်း
မဟုတ်ဘူး...သမီး..နော်ပိုးရုံလေးက..
လိမ်မာရေးခြားရှိတဲ့..ကလေးမလေး..
ရွာမှာဆို...မောင်စောဖော်
တို့က..ဗိုင်းကောင်း
ကျောက်ဖိ..ဆိုဆုံးမထားတာ..
ဟွန့်....မင်းနဲ့အတူ...မိတ်ဆွေလိုလိုဘာလိုလို
မိန်းမတွေနဲ့...လာမယှဥ်နဲ့သား''''ကျစ်''
တန်ဖိုး...ခေါင်းခါရမ်းကာ.
ကျစ်သပ်မိလိုက်၏...
အာတာချီကေ့ကိုလက်တစ်ဖက်ကာ
ကိုင်၍မျက်ခုံးလှုပ်ရင်း..စတိုင်ပင်.ဘောင်းဘီ
အနက်အိတ်ကပ်ထဲ..လက်တစ်ဖက်နိုက်ထားလိုက်၏..
မေမေကတော့..သူ့စကားကိုနားထောင်မှာ
မဟုတ်ပေ...
ကရင်ပြည်နယ်ဘက်က..မေမေကိုးကွယ်တဲ့
ဘဘုန်းကြီးရဲ့...တူမဆိုလား..
သူရေရေရာရာတော့..မသိ..ပါ
ဆေးကျောင်းတက်ဖို့တဲ့....
လူပျိုတစ်ယောက်နေတဲ့.အိမ်မှာ အပျို
တစ်ယောက်လာနေမယ်ဆိုတာ..ဖြစ်ရော
ဖြစ်သင့်နေရဲ့လား''သား..မေမေကတော့.သမီးအနော်လေးကိူ
ချစ်တယ်သား..ခုဆို.သမီးလေး
လည်းအရွယ်ရောက်နေရော့ပေါ့..
ငယ်ငယ်ကဆို.စရစ်ဝိုင်းလေးနဲ့သိပ်ချစ်ဖို့
ကောင်းတဲ့..ကလေးမလေး..''''..ဖြစ်ချင်တာပဲသိမနေနဲ့..မေမေရာ
ကျတော်က..မေမေပြောတဲ့.ကလေးမကို
ရှေ့ရေးကြိုတွေးပြီးပြောတာ..
ကျတော်လည်းဆရာဝန်မို့..ကျောင်းမှာ
စာပြသင့်တာ.ပြရသေးတယ်..
အဲ့ဒီမိန်းကလေး ဆေးကျောင်းတက်လို့
ကျတော်ကျောင်းသူ.ဖြစ်ခဲ့ရင်..
ဆရာနဲ့တပည့်က..တစ်အိမ်ထဲအတူတူ
နေတော့..တစ်ခြားကျောင်းသားတွေ
ဘယ်လိုမြင်ကြမလဲ..မေမေမစဥ်းစားတော့ဘူးလား''''ဟဲ့..တော်ပြီ.တော်ပြီ..တန်ခိုးပြည့်စုံ
မင်းက.ဆရာဝန်ပီသအောင်မေမေစကားကို
ကန့်သတ်ဖို့ပဲ.သိနေတယ်..
သွားနားတော့...မေမေကတော့.သမီးအနော်လေးကို..အိမ်ခေါ်ထားမှာပဲ..အဆောင်မှာဆို
မေမေ..စိတ်အေးရမှာမဟုတ်ဘူး''